မြစ်အတွင်းရေဆင်းကူးတဲ့ အရက်ဖြတ်ထားသူအမျိုးသား ရေနစ်သေဆုံး

မြစ်အတွင်းရေဆင်းကူးတဲ့ အရက်ဖြတ်ထားသူအမျိုးသား ရေနစ်သေဆုံး

မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်အနီး ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ မြို့ဟောင်းအမှတ် ၁ ရပ်ကွက်၊ သီရိဇေယျာလမ်းနေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကိုအောင်ဆန်းထွေး ဆိုသူဖြစ်ပြီး ဩဂုတ် ၃၀ ရက် မနေ့ညနေ ၄ နာရီကျော်မှာ ၎င်းရဲ့နေအိမ်အနီး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာက သေဆုံးခဲ့တာလို့ ဆိုပါတယ်။

" သူက အရက်ဖြတ်ထားကာစ။ ဘယ်လိုဖြစ်ပြီးနစ်လဲတော့ မသိရဘူး။ ရေဆင်းကူးတာကြာတယ် မတက်လာတော့မှ သူအိမ်ကလူတွေကနေ လိုက်ရှာ၊ မတွေ့တော့ ပတ်ဝန်းကျင်အကြောင်းကြားရာကနေ မီးသတ်တို့၊ ပရဟိတအဖွဲ့တွေက ဝိုင်းရှာကြရတာ။"လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ညနေ ၆ နာရီကျော်လောက်မှာတော့ ရေနစ်ပျောက်ဆုံးနေတဲ့ ကိုအောင်ဆန်းထွေးရဲ့အလောင်းကို သူရေဆင်းကူးတဲ့နေရာအနီး ပေ ၁၀၀ ခန့်အကွာ မြစ်အတွင်းကနေ ပြန်ဆယ်ယူရရှိခဲ့ပြီး ရုပ်အလောင်းကို ဒေသလူမှုကူညီရေးအသင်းတွေက မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ဧရာဝတီမြစ် #ရေနစ်သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10