မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ရဲတပ်သား ၃ ဦး လက်နက်နဲ့အလင်းဝင်

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ရဲတပ်သား ၃ ဦး လက်နက်နဲ့အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ၃ ဦး လက်နက်နဲ့အတူအလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ မှ ထောက်လှမ်းရေးအရာရှိ ကိုစနေကတဆင့် သိရပါတယ်။

အဲ့ဒီရဲတပ်သားတွေဟာ ဇူလိုင် ၃၁ ရက် မနက် ၁ နာရီဝန်းကျင် ကင်းတာဝန်ကျနေချိန်မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၁ -Brother Defense Force နဲ့ ချိတ်ဆက် အလင်းဝင်လာတာဖြစ်ပြီး သူတို့နဲ့အတူ G 3 ၁ လက်၊ 7.62 ကျည် အတောင့် ၁၀၀၊ ကျည်ဘောက် ၂ ခု၊လက်ကိုင်ဖုန်း ၃ လုံး ပါလာခဲ့တယ်လို့ ဆိုပါတယ်။

“ဒီထဲမှာပဲ ဆက်ပြီးဒုက္ခခံနေမလား၊ တခေါက်လောက် အရဲစွန့်ကြည့်မလားဆိုပြီး လုပ်ခဲ့တာပေါ့။ CDM လုပ်တဲ့သူတွေက သေသွားပြီလို့ပြောကြတယ်။ တကယ်တမ်း ပြန်တွေ့တော့ အသက်ရှင်လျက် ရှိသေးတယ်။ (PDF)သူတို့ဆီရောက်ရင် လိုချင်တဲ့ပစ္စည်းရပြီးသွားရင် အပြတ်ရှင်းတယ်ဆိုတဲ့ စကားလုံးတွေကို နေ့တိုင်းနီးပါး ဦးနှောက်ထဲ ရိုက်သွင်းတယ်။ အပြင်မှာ ဘာတွေဖြစ်နေလဲ လုံးဝမသိရဘူး၊။” လို့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးက ပြောပါတယ်။

အလင်းဝင်ရဲတပ်သားတွေဖြစ်တဲ့ ကိုဝင်းမင်းသူ၊ ကိုစိမ်းမောင်မောင်နဲ့ ကိုမင်းခန့်သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၃  စက်တင်ဘာလပိုင်းကမှ ရဲသင်တန်းဆင်းထားသူတွေဖြစ်ပြီး အလင်းမဝင်ခင်အထိ ဝမ်ပေါင်ကုမ္ပဏီထဲမှာရှိတဲ့ ဘန်ကာတခုမှာ အ‌စောင့်တာဝန်ကျနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ မှာ အလင်းဝင်တပ်သား ၇ ဦးရှိပြီး ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ဝမ်ပေါင် #အလင်းဝင် #ရဲတပ်သား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10