မြဝတီဘဏ်နဲ့ စီးပွားရေးဘဏ်စောင့်တဲ့ စစ်သားတွေပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီတပ်စွဲထားတဲ့  မြဝတီဘဏ်နဲ့ စီးပွားရေးဘဏ်ဘန်ကာအထဲက စစ်သား‌တွေကို ဧပြီလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ကားနဲ့အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၄ဦး သေဆုံးတယ်လို့ မုံရွာခရိုင်တပ်ရင်း(၂၂) တပ်ရင်းမှုး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

ကား ၂စီးနဲ့ မြဝတီဘဏ်ကို မနက် ၆နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့ပြီး တဆက်တည်း မြန်မာ့စီးပွားရေးဘဏ်ဘက်ကို ကားတစီးနဲ့ပဲ သွားပစ်ခဲ့တာလို့ ပြောပါတယ်။

စီးပွားရေးဘဏ်ကို သွားပစ်တဲ့အချိန်မှာ လမ်းကလည်းပိတ်ထားပြီး ကားက ဘန်ကာကိုဝင်တိုက်မိတာကြောင့် ပြန်ဆုတ်မရတော့လို့ ကားထားခဲ့ပြီး ထွက်ပြေးလာခဲ့ရပေမယ့် ရဲဘော်တွေ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို  မုံရွာခရိုင်တပ်ရင်း(၂၂)နတ်ဆိုး တပ်ရင်း နဲ့ မုံရွာမြို့နယ် ပ.လ.ဖ အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10