မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကို ရဲတပ်သားက ပစ်သတ်

မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကို ရဲတပ်သားက ပစ်သတ်

မကွေးမြို့၊ မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်တယောက်ကို ရဲတပ်သားတဦးက သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကားများရသည့်အကြောင်းအရာကို သိရှိရခြင်းမရှိသေးပဲ ဒုရဲအုပ်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံတဦးကပြောသည်။

"သေတာက ဒုရဲအုပ်တယောက်ထဲရယ်။ ပွဲချင်းပြီးပဲ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျတော်တို့မသိရဘူး။ သူတို့က ဘုရားကုန်းပေါ်မှာ လုံခြုံရေးယူနေတာ။ ပစ်တဲ့ရဲကတော့အဖမ်းခံလိုက်ရတယ်။ " ဟု မြို့ခံတဦးကပြောသည်။

ဘုရားကုန်းပေါ်တွင်စျေးရောင်းချနေသူများကို ပြန်ခိုင်းခြင်းမရှိဘဲ တားမြစ်ထားကြောင်း ၎င်းကဆိုသည်။

#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10