မြိုင်က စီမံကိန်းရုံး တိုက်ခိုက်ခံရလို့ ၂ ဦးသေ၂ ဦးဒဏ်ရာရပြီး PDF ၁ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ မြိုင်မြို့၊ အရှေ့ဘက်စီမံကိန်းရုံးမှာ တပ်မ ၁၀၁ က တပ်စွဲထားတဲ့ စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့  မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၈ ရက် နေ့လယ် ၃ နာရီဝန်းကျင်လောက်မှာ စီမံကိန်းရုံးက စစ်အုပ်စုကို မိနစ် ၃၀ အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး ပါဝင်ကာ PDF ရဲဘော် ၁ ဦးလည်း ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီစီမံကိန်းရုံး ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက မြိုင်မြို့အတွင်း အင်အားတိုးချဲ့ထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်၊ မြိုင်ပကဖရင်း ၁၊ Royal Phoenix Task Force(R .P. T. F)၊ Middle Revolution Task Force(M. R. T. F)၊ Justice Revolution Team(J.R.T)၊ Freedom Fighters တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင်မြို့ #စီမံကိန်းရုံး #တိုက်ခိုက်ခံရ #တပ်မ၁၀၁ #စစ်သား #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10