မြိုင်က PDF တဦး လက်နက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားလို့ PDF စခန်းတွေကို သတိပေးစာထုတ်

မြိုင်က PDF တဦး လက်နက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားလို့ PDF စခန်းတွေကို သတိပေးစာထုတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်တဦး စစ်ကောင်စီတပ်ထံ လက်နက်နဲ့အတူ ပူးပေါင်းသွားတဲ့အတွက် အဲဒီဒေသမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိထား နေထိုင်ကြဖို့ကို မြိုင်ပကဖတပ်ဖွဲ့က အရေးပေါ်သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မြိုင်ပကဖ တပ်ရင်း ၂ မှ ရဲဘော်တဦးက M16 သေနက်တလက်နဲ့အတူ ဩဂုတ် ၁၅ ရက်က စစ်ကောင်စီဆီကို သွားရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

"တက်တူးက တပ်ရင်း ၂ ကနေ ရင်းမှူးမသိဘဲ M16 တလက်ကိုယူပြီး စစ်ကောင်စီနဲ့ သွားပူးပေါင်းတာပါ။ တပ်ဖွဲ့စခန်းတွေအနေနဲ့ သတိထားကြဖို့လိုပါတယ်။ (သူက)ရင်းမှာနေတာ နှစ်နှစ်ကျော်လောက်ရှိပြီ"လို့ မြိုင်ပဖ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါ တယ်။

လက်နက်ယူပြီး စစ်ကောင်စီတပ်ထံ သွားရောက်ပူးပေါင်းခဲ့တဲ့ တက်တူး(ခ)ဘထက်(ထက်ဝေယံ)က မြိုင် ပကဖတပ်ဖွဲ့မှာ နှစ်နှစ်နီးပါး တာ၀န်ထမ်းခဲ့တာဖြစ်ပြီး ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ သွားရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စခန်းနေရာပြောင်းရွှေ့ကြဖို့ သတိပေးချက်ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #တက်တူး #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10