မြိုင်နယ်တိုက်ပွဲမှာ ပျူစောထီး ၇ ဦးသေဆုံးပြီး ၅ ဦးဖမ်းဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရဲ့တောင်ဘက်မှာ ကင်းပတ်လာချိန် ပျူစောထီးတွေပစ်ခတ်ခံရလို့သေဆုံးခဲ့ပြီးနောက် အလောင်းလာကောက်တဲ့ ပျူစောထီးတွေပါ ထပ်မံပစ်ခတ်ခံရလို့ သေဆုံးမှုတွေများတယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက် ၇ နာရီခွဲခန့်က သရက်ကန်ပျူရွာရဲ့တောင်ဘက်မှာ ကင်းပတ်လာတဲ့ ပျူစောထီး ၁၅ ဦးကို စောင့်ဆိုင်းပစ်ခတ်တာမှာ ၂ ဦးပွဲခြင်းပြီးသေဆုံးပြီး လက်နက်မပါတဲ့ ပျူစောထီး ၅ ဦးကတော့ လက်ထောင်အရှုံးပေးဖမ်းဆီးခံခဲ့တယ်လို့ Earthquake People Defence Force ရဲဘော်ကိုပိန်က ပြောပါတယ်။

 

တိုက်ပွဲအပြီးမှာတော့ သေသွားတဲ့ ၂ ဦးကိုလာကောက်တဲ့ ပျူစောထီး ၁၀ ဦးကိုထပ်မံပစ်တာမှာ ၅ ဦးသေဆုံးလို့ စုစုပေါင်းပျူစောထီး ၇ ဦးသေဆုံးခဲ့တယ်လို့ ကိုပိန်က ဆက်ပြောပါတယ်။

 

အရှင်ဖမ်းမိတာတွေကိုတော့ စစ်သုံ့ပန်းအဖြစ်ထားပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကိုတော့ Earthquake People Defence ForceBadassess Burma ForceTYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊  Pakokku People's Defence ForceYoung Force UG နဲ့ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ (၄) စင်္ကြာ တပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ပကဖ #တော်လှန်ရေးအင်အားစု #ပျူစောထီး #တိုက်ပွဲ #စစ်သုံ့ပန်း #သေဆုံး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10