မြိုင်နယ်၊ သရက်ကွရွာက စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာမှာ တပ်စွဲနေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ဩဂုတ် ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲချခဲ့တဲ့အပြင် ၄၀ မမ၊ လက်နက်ငယ်တွေအပြင် စနိုက်ပါတွေနဲ့ပါ ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Southern Yesagyo PDF အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီရွာမှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ နီးပါးလောက်ရှိကာ တိုက်ပွဲမစခင်မှာ ပူပေါင်းအဖွဲ့က စနိုက်ပါနဲ့ပစ်ခတ်ရာ ရေချိုးနေတဲ့ စစ်သားတွေထဲက ၁ ဦးထိမှန်ပြီး အခြားလက်နက်တွေနဲ့ တိုက်ခိုက်ရာမှာ ၂ ဦးသေ ၂ ဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။  

"အဖွဲ့ပေါင်းစုံကလည်း စက်လတ်တို့နဲ့လည်းပစ်တယ်၊ ကျနော်တို့ရဲဘော်တွေပစ်တာတင် စစ်** ၃ ကောင်သေတယ်၊၂ ကောင်ကအပြင်းအထန်ဒဏ်ရာရရှိတယ်၊ အတွင်းဖရဲသီး သတင်းပေးချက်အရ သိရတာပါ၊ နေ့လယ် ၂ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီအထိ ၂ နာရီအကြာ တိုက်ခိုက်ခဲ့တာ"လို့ Southern Yesagyo PDF ဗိုလ်အောင်မောင်းက ပြောပါတယ်။

လက်ရှိ သရက်ကွကျေးရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုက ဘန်ကာတွေထပ်တိုးပြီး အခိုင်အမာတည်ဆောက်နေကာ အင်အားတိုးချဲ့ထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Southern Yesagyo PDF၊ MVRF၊ နံ့သာမြိုင်တပ်ဖွဲ့၊ မဟူရာအလင်းတန်း၊ အလင်းတန်းပြောက်ကျား၊ ဇာမဏီ Droneတပ်ဖွဲ့၊ ဝံပလွေပြောက်ကျားတပ်ဖွဲ့၊ Yesagyo Revolution Force (YRG)၊ ဒေါင်းစစ်သည်၊ Young Force UG ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂၊ Pakokku People Defense Force PPDF ပခုက္ကူခရိုင် တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာမှာ ဂိတ်စခန်းဖွင့်ပြီး တပ်စွဲထားတဲ့ တပ်မ ၁၀၁ က စစ်သားတွေကို Southern Yesagyo PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မြိုင် #သရက်ကွကျေးရွာ #စစ်အုပ်စုအထိုင်စခန်း #ပစ်ခတ်ခံရ #စစ်သား #ပျူစောထီး #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10