သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနေအိမ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ လက်နက်၊ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ပကဖ ဆီက သိရပါတယ်။
ပေါက်နယ် ပျူစောထီးခေါင်းဆောင် ဘန်ဘန် ရဲ့နေအိမ်ကို အောက်တိုဘာလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက်မှာ နေအိမ်တွင်းရှိ ပျူစောထီး ၂ ဦးက ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“သတင်းပေးပို့ချက်ရလို့ ဝင်ရောက်စီးနင်းတာ၊ သူ(ဘန်ဘန်)အပါ ၂ ယောက်ပဲရှိတာ။ ဒီကောင်တွေရှိ မှန်းသိလို့ စစ်ရင်း၊ပစ်ရင်းနဲ့ဝင်တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
စီးနင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးတွေကိုင်ဆောင်တဲ့ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် အတောင့် ၂၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်ဆည်းရရှိခဲ့တယ်လို့ သူကဆိုပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖနဲ့ ပေါက်အခြေပြု တော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အောက်တိုဘာလ ၁၉ ရက်ကလည်း ပေါက်မြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်မြို့နယ်ပကဖ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ပျူစောထီးနေအိမ်စီးနင်းမှုအတွင်း သိမ်းဆည်းရရှိလက်နက်၊ခဲယမ်းများ။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပေါက်မြို့ #ပျူစောထီး #နေအိမ်စီးနင်းမှု #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ #မြိုင်ပကဖ #သတင်း
Share Share Share