မြိုင်ပကဖ စခန်းငယ်တခု စီးနင်းခံရပြီး ရဲဘော်တဦးကျဆုံး

မြိုင်ပကဖ စခန်းငယ်တခု စီးနင်းခံရပြီး ရဲဘော်တဦးကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းငယ်တခု စီးနင်းတိုက်ခိုက်ခဲ့ရပြီး ရဲဘော်တဦးကျဆုံးကာ လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

မတ် ၂၇ ရက်မနက် ၄ နာရီခန့်မှာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ စစ်သားနဲ့ပျူစောထီးအင်အား ၁၅၀ လောက်က စီးနင်းတိုက်ခိုက်ခဲ့တာပါ။ 

“ကျနော်တို့စခန်းငယ်ဖြစ်တဲ့ အထိုင်စခန်းကိုဝင်စီးတာ။ ကျနော်တို့ အလှည့်ကျ ကင်းသမားက အရင်ပစ်တာ။ ပစ်လိုက်တဲ့အချိန်မှာ သူတို့လည်း ၂ ယောက်ထိတယ်။ ကျနော်အဖွဲ့က ကျသွားတဲ့ ရဲဘော်အရာတော်က လက်မောင်းထိတာ။ ကျန်တဲ့ ၃ ယောက်ကိုနောက်ဆုတ်ခိုင်းပြီး သူတယောက်ထဲ ခံပစ်ပေးတာ” လို့  မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

စခန်းဝင်စီးခံရချိန်မှာ ရဲဘော်အင်အား ၃၀ ဝန်းကျင်ရှိပြီး ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ရဲဘော်အရာတော်ကျဆုံးခဲ့ပြီး သူ့ရဲ့ဈာပနကိုတော့ အဲ့ဒီနေ့ ညနေ ၅ နာရီလောက်မှာ ပြုလုပ်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်

“စခန်းမှာက ရဲဘော် ၃၀ လောက်တော့ရှိပါတယ်။ ကျန်တဲ့ရဲဘော်တွေတော့ လွတ်သွားတာပေါ့။ ၄ ယောက်နဲ့ သူတို့ဘက်က ၁၅၀ ဆိုတော့ အင်အားက အဆမတန်ကွာတယ်။ သူတို့မှာလည်း သတင်းပေးရှိမှာပဲ သေချာကာမှ သူတို့ဝိုင်းလိုက်တာ” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် ပါရီသေနတ် ၁ လက်၊ 306 ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည် ၁၇၀ တောင့်၊ စကားပြောစက် ၇ လုံး၊ အီကွေ့မန့် ၄ ခုနဲ့ မော်တော်ယာဉ် ၂ စီး ဆုံးရှုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

စစ်ကောင်စီဘက်လည်း ၂ ဦးထိခိုက်ခဲ့ပြီး တိုက်ခိုက်ပြီးနောက်မှာ စစ်ကြောင်းက ကန်နီရွာဘက်ကို ပြန်ထွက်သွားခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

ပုံစာ - ကျဆုံးရဲဘော် အရာတော်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #ပကဖစခန်းစီးနင်းခံရ #ရဲဘော်ကျဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10