မြိုင်မီးသတ်ရုံးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး လက်နက်ကြီးထိလို့ မြို့ခံ ၂ ဦးလည်း သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ပေါ် မီးသတ်စခန်းမှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်ဟာ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ဆီက သိရပါတယ်။ 

တိုက်ခိုက်ခံရတဲ့ တပ်သားတွေဟာ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၁ က ဖြစ်ပြီး ဇူလိုင် ၈ ရက် နေ့လယ် ၁၀ နာရီကနေ ၁၁ နာရီ ၁၅ မိနစ်အထိ ၁ နာရီကျော်အကြာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ ရဲဘော်တဦး ကပြောပါတယ်။

တိုက်ခိုက်ရာမှာ မီးသတ်ရုံးအပြင်ဘက်က ဘန်ကာနားအထိ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်လာတဲ့အတွက် ပြန်ဆုတ်ခွါခဲ့ရတယ်လို့ ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်းမှာ  စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လို့ မြိုင်မြို့အနောက်ဘက် စတုံးကြွယ်တောတိုက်က အသက် ၁၅ နှစ်အရွယ် မင်းခန့်မောင် နဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးတင်တို့သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သလို PDF ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖတပ်ရင်း (၁) တပ်ခွဲ (၃)၊ မြိုင်ပကဖတပ်ရင်း (၂)၊ မြိုင်ပကဖ (IO) အဖွဲ့၊ Myaing U.A.V Fighter၊ Joker ပြောက်ကျားတပ်ဖွဲ့၊ ဇော်မိုက် BRAF Drone Team တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #မီးသတ်ရုံး #တိုက်ခိုက်ခံရ #စစ်အုပ်စု #ထိခိုက် #ပြည်သူ၂ဦး #လက်နက်ကြီးစထိမှန် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10