မြိုင်မြို့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခံရလို့ စစ်သား ၁ ဦးနဲ့ ရဲ ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ မန္တလေးသွားကားလမ်းပေါ်က စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရလို့  စစ်ကောင်စီ စစ်သား ၁ ဦး ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနေ့က ညနေပိုင်း ၅ နာရီမှာ အင်အား ၁၀ ဦးဝန်းကျင်ရှိတဲ့ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်ပစ်ဗုံးနဲ့ပါ ပစ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

ပစ်ခတ်မှုမှာ ၁၀ ပေအကွာခန့်ကနေ ပစ်ခတ်တာဖြစ်ပြီး လဲကျသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ရှိပြီး ၁ ဦးက ရဲတပ်ဖွဲ့ဖြစ်ကာ ၁ ဦးကတော့ စစ်သားဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်နေချိန်အတွင်း စစ်ကောင်စီဘက်က စစ်ကူ ၂၀ ယောက်လောက်က မြိုင်မြို့ထဲကထွက်လာလို့ ရဲဘော်တွေက အန္တရယ်ကင်းစွာနောက်ဆုတ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်မှာ တပ်မ ၁၀၁ လက်အောက်ခံ စစ်သားတွေနဲ့ မြိုင်မြို့ပေါ်က ရဲတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် ၃ လပိုင်းကတည်းက စစ်ဆေးရေးဂိတ်လုပ်ထားတာလို့ သိရပါတယ်။

တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်မှုတွေလုပ်နေပြီး မြိုင်မြို့ပေါ်မှာလည်း လက်နက်ငယ်တွေနဲ့ ပစ်ဖောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ ဗိုလ် မြွေဆိုးတပ်ဖွဲ့ / မြိုင်ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃/တပ်ခွဲ ၄ နှင့်အတူတပ်ရင်း ၁၇ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဗိုလ်လက်ယာ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်ကလည်း စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို မြိုင်မြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့က မိုင်းဆွဲတဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ပကဖ #စစ်ကောင်စီ #ဂိတ်စခန်း #တိုက်ခိုက်မှု #မြေလတ်သတင်း #ရုပ်သံသတင်း #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10