မြိုင်မြို့စစ်ဆေးရေးဂိတ်က ဒုရဲအုပ် ၁ ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး

မြိုင်မြို့စစ်ဆေးရေးဂိတ်က ဒုရဲအုပ် ၁ ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့အနောက်ဘက်အထွက် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ ပျူစောထီးတွေကို ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက် ၇ နာရီဝန်းကျင်မှာ စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ဆီက သိရပါတယ်။

 သေဆုံးသူဟာ မြိုင်မြို့နယ်ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်း ဖြစ်ပြီး စစ်ဆေးရေးဂိတ်အတွင်းရှိ ရဲနဲ့ပျူစောထီးတွေကို စကားပြောနေချိန် ပစ်ခတ်ရာမှာ ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီနယ်ထိန်းခေါင်းဆောင် ကျည်ထိမှန်ပြီး လဲကျသွားတာမြင်ရတယ်။ အခု ပြန်စုံစမ်းကြည့်တာမှာ သူသေသွားတယ်လို့ သိရတယ်။ သင်္ဂြိုဟ်မှာကတော့ မြိုင်သုဿန်မှာလား၊ မြို့ထဲမှာပဲသင်္ဂြိုဟ် မလားမသိသေးဘူး” လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

အဲ့ဒီဆေးရေးဂိတ်မှာက မြိုင်မြို့မရဲစခန်းက ရဲနဲ့ ပျူစောထီး ၇ ဦးခန့်ရှိပြီး စစ်ဆေးရေးဂိတ်ရဲ့ အနောက်ဘက် ဘုန်းကြီးကျောင်းမှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် တပ်စွဲနေထိုင်တယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၂၇ ရက်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းမှာ အထိုင်ချနေတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်‌သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #နယ်ထိန်းခေါင်းဆောင် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10