သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ စာသင်ကျောင်း ၁ ကျောင်းမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး ပညာပေးဟောပြောပွဲ ၁ ခုပြု လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက်မှာ Women Empowerment Alliance (WEA) အဖွဲ့က ဦးစီး ကျင်းပခဲ့တာဖြစ်တယ်လို့ မြိုင်မြို့နယ်ပညာရေးတာဝန်ခံ(၂)က ပြောပါတယ်။
“ဝန်ကြီးဌာနက ချိတ်ဆက်ပေးထားတဲ့ အဖွဲ့ ၁ ခုပေါ့။ နောက်ထပ်ကျောင်းတွေကိုလည်း ထပ်မံပြုလုပ်ပေးဖို့ ရည်ရွယ်နေပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
မြိုင်မြို့နယ်ပညာရေးမှ ဆရာ/ဆရာမ ၂ ဦးကို WEA က သင်တန်းပို့ချပေးပြီး ဆရာမတွေကတဆင့် ကျောင်းသူ ကျောင်းသားတွေကို ပြန်လည်ဟောပြောပညာပေးတဲ့ ပုံစံမျိုးနဲ့ ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် လိင်အကြမ်းဖက်ခြင်းရန်မှ ကာကွယ်ရန် ရည်ရွယ်ပြီး လုပ်ဆောင်နေတာ” လို့ ဟောပြောပေးတဲ့ ဆရာမတဦးက ပြောပါတယ်။
မြိုင်မြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ မရှိပေမယ့် ဖြစ်လာတဲ့အခါ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဟောပြောသွားတဲ့အကြောင်းအရာတွေကတော့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ မိမိကိုယ်ကိုကာကွယ် တတ်ရန်၊ လိင်အကြမ်းဖက်ခံရမှုနဲ့ ကြုံလာပါကလည်း ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေ ဟောပြောသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ကျောင်းတွေမှာ လုပ်ရတာကတော့ ကျောင်းသူ၊ ကျောင်းသားလေးတွေ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က တပါးသူ မထိရမယ့်အစိတ်အပိုင်းလေးတွေကို သိစေချင်တယ်။ ဖြစ်လာခဲ့ရင်လည်း ဘယ်လိုလုပ်ရမယ်၊ ဘယ်သူ့ကို တိုင်ပင်ရမယ် စသဖြင့်အကြောင်းအရာလေးတွေကို သိစေချင်လို့ လုပ်ပေးဖြစ်တာပါ။” လို့ ဟောပြောသွားတဲ့ ဆရာမက ဆိုပါတယ်။
သတင်း - ဟယ်သာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေးတိုင်း #မြိုင်မြို့ #အမျိုးသမီး #လိင်အကြမ်းဖက်မှုပပျောက်ရေး #WEA
Share Share Share