မြိုင်မြို့အထွက် တိုက်ပွဲမှာ စစ်သား ၄ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အရှေ့ဘက် မန္တလေးထွက်တဲ့ လမ်းပေါ်မှာရှိတဲ့ဂိတ်က စစ်ကောင်စီတပ်သားတွေကို ယနေ့ ဇန်နဝါရီ  ၂၂ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီဂိတ်စခန်းမှာ စစ်ကောင်စီအင်အား ၂၀ ဝန်းကျင်နဲ့ တပ်စွဲထားတာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီခွဲကနေ ၇ နာရီခွဲအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဂိတ်စခန်းမှာ ဘန်ကာ ၂ ခုနဲ့ ဘန်ကာရဲ့နောက်မှာတော့ စက်သေနတ်ထိုင်ထားတဲ့ တိုက်တလုံး ရှိပြီး ဝင်ရောက်တိုက်ခိုက်တာမှာ ဘန်ကာ ၁ ခုနဲ့ တိုက်ကိုသာ ဝင်ရောက်စီးနင်းခဲ့နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ကူအများအပြား ပစ်ခတ်တာနဲ့ တိုက်ခိုက်မှုမှာ M.V.P Revolution Force ရဲဘော် ၁ ဦး သေဆုံးခဲ့တာကြောင့် ပြန်ဆုတ်ပေးခဲ့ရတယ်လို့ ကိုရှည်ကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို မြိုင်ဆေးရုံကိုပို့လိုက်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People Defence Force၊ တပ်ခွဲ ၁၊ ၂၊ မြိုင်ပကဖတပ်ရင်း ၁ နဲ့ ၂ တို့ရဲ့ တပ်ခွဲတွေနဲ့ မြွေးဆိုးတပ်ဖွဲ့၊ M.V.P Revolution.force၊ Myaing U.A.V Fighter drone တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင် #စစ်ကောင်စီဂိတ်စခန်း #ပကဖ #တော်လှန်ရေးအင်အားစု #တိုက်ခိုက်မှု #သေဆုံး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10