မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်က စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုတွေရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ အင်အား ၁၅ ဦးဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့  မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်း ၁၁ နာရီခွဲလောက်က ဒရုန်းနဲ့ဗုံးကြဲချပြီး လက်နက်ငယ်အပါအဝင် RPGနဲ့ပါ ၄၅ မိနစ်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"မြိုင်ကနေ မန္တလေးကိုထွက်တဲ့ မြိုင်မြို့အဝင်ဂိတ်ကို ဒရုန်းနဲ့ အီနာဂါချတာတို့ လက်နက်ငယ်နဲ့ ပစ်တာတို့ RPG နဲ့ထုတာတို့ လုပ်ခဲ့တာ၊ အခုကြားရတာက ** ၃ ကောင်သေပြီး ၄ ကောင်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ ၄ ကောင်က မြိုင်ဆေးရုံမှာပါ၊ ဟိုက်ဂျက်ကားနဲ့ အလောင်းလာကောက်ပြီး သယ်သွားကြတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူအ‌‌ခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၊ ခလရ ၂၅၈ နဲ့ ခလရ ၂၅၃ က စစ်သားတွေဖြစ်ပြီး ဖြတ်သန်းသွားလာနေတဲ့ကားတွေကို ပိုက်ဆံတောင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်၊ မြိုင် ပကဖ တပ်ရင်း၂ တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ ရေစကြိုမြို့နယ် ပကဖ၊ Salingyi Special Task Force -SSTF နဲ့ Earthquake People’s Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မကွေးတိုင်း #မြိုင် #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10