မြိုင်မှာ ရွာပေါင်း ၂၂ ရွာက ပြည်သူတွေ လှူဒါန်းငွေနဲ့ ယူနီဖောင်းဝယ်ပြီး MVRF ရဲဘော် ၂၂၅ ဦးကိုပေးအပ် (ရုပ်/သံ)

 မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ရဲဘော်တွေကို ရွာပေါင်း ၂၂ ရွာက ပြည်သူတွေ လှူဒါန်းငွေနဲ့ ယူနီဖောင်းဝယ်ပြီး ပေးအပ်ပွဲပြုလုပ်ခဲ့တယ်လို့ MVRF တပ်ရင်းဆီက သိရပါတယ်။

ရုပ်ပိုင်းဆိုင်ရာညီညွတ်ခြင်းမှတဆင့် စိတ်ပိုင်းဆိုင်ရာညီညွတ်ခြင်းသို့ ရည်ရွယ်ကာ ရဲဘော် ၂၂၅ ဦးကို ရွာပေါင်း ၂၂ ရွာက ပြည်သူတွေလှူတဲ့ငွေနဲ့ ယူနီဖောင်းဝယ်ပြီး မတ် ၁၇ ရက်က ယူနီဖောင်း အစုံ ၂၂၅ စုံ ကို တပ်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

မြိုင်နယ်ထဲက ရွာပေါင်း ၂၂ ရွာက ပြည်သူတွေလှူဒါန်းငွေ ကျပ် သိန်း ၁၂၀ ကျော်နဲ့ မြိုင် မြို့နယ် ပကဖ ဆီက ထောက်ပံ့ငွေ သိန်း ၁၀၀ ပေါင်းကာ ရဲဘော် ၂၂၅ ဦးအတွက် ဆင်ပေးခဲ့တာလို့ သိရပါတယ်။ ယူနီဖောင်းတစုံကို ကျပ် ၁ သိန်း ၂ သောင်းဝန်းကျင် ကုန်ကျပြီး ယူနီဖောင်း ၂၂၅ စုံအတွက် ကျပ် သိန်း ၂၄၀ ကျော် ကုန်တယ်လို့ ဆိုပါတယ်။

ယူနီဖောင်းပေးအပ်ပွဲကို မဟာမိတ်ရဲဘော်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ဒေသခံပြည်သူတွေက ဧည့်ခံကျွေးမွေးကာ  အခမ်းအနားကို ရဲဘော်နဲ့  ပြည်သူအင်အား  ၅၀၀ နီးပါးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြိုင်  #ရွာပေါင်း၂၂ရွာ #လှူဒါန်းငွေ #   #MVRF #ရဲဘော်၂၂၅ ဦး #ယူနီဖောင်းပေးအပ် #မြိုင်ပကဖ #ထောက်ပံ့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10