မြိုင်မှာစစ်ဆေးရေးဂိတ်က စစ်အုပ်စုဗုံးကြဲခံရလို့ စစ်သား ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက် စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ အင်အား ၁၈ ဦးဝန်းကျင်ရှိ စစ်သား၊ ရဲနဲ့ ပျူ‌စောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့  မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ဗုံး ၅ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။ 

"မြိုင်မြို့မြောက်ဘက် ဘန်ကာတွေနဲ့ အခိုင်အမာလုပ်ထားတဲ့ဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲချခဲ့တာ၊ သူတို့က ဒရုန်းလာတာမသိဘူး။ ၁ ဦးကတော့ လဲကျသွားတာတွေ့ရတယ်။ ကျန်တဲ့ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ မနေ့ညက စုံစမ်းတာတော့ မြိုင်ဆေးရုံမှာ ၁ ဦးက သေသွားပြီးပြောတယ်။ ၁ ဦးကတော့ ဒဏ်ရာနဲ့ ကုသဆဲပါ။ သေတာက စစ်ခွေးပါ။" လို့ မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၈ နဲ့ ခလရ ၂၅၇ က စစ်သားတွေဖြစ်ပြီး လက်ရှိမှာလည်း အဲ့ဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #စစ်ဆေးရေးဂိတ် #စစ်သား #ရဲ #ပျူစောထီး # #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10