မြိုင်မှာ မိုင်းရှင်းလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး သေဆုံးမှုရှိနိုင်

မြိုင်မှာ မိုင်းရှင်းလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး သေဆုံးမှုရှိနိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well-2 စခန်းကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်သားနဲ့ပျူ အင်အား ၁၅ ဦးခန့်ရှိတဲ့ ရှေ့ပြေးခြေလျင်စစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်ဒီနေ့လယ်ပိုင်းက တဲကြီးကျေးရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက နေ့လယ် ၁၁ နာရီဝန်းကျင်မှာ မိုင်း ၇ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

“Well-2 နဲ့ တဲကြီးရွာက မိတာ ၅၀၀ လောက်ပဲကွာတယ်၊ စစ်*နဲ့ပျူ* ၁၅ ဦးလောက်‌ ခြေလျင်ရှေ့ပြေး မိုင်းရှင်းထွက်လာတာကို မိုင်းအကြီး ၇ လုံးနဲ့ ဆွဲတိုက်ခိုက်လိုက်တာ။ နေရာတင် စစ်*၂ ကောင် ပျူ ၁ ကောင်သေပြီး စစ်*၂ ကောင် ပျူ ၃ ကောင်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မိုင်းဆွဲခံရပြီးနောက်မှာ တဲကြီးရွာက နေအိမ် ၂ လုံးကို မီးရှို့သွားတဲ့အပြင် ဖောကား ၄ စီး နဲ့ နောက်ချန်စစ်သား ၅၀ လောက်က တဲကြီးရွာဘုန်းကြီးကျောင်းထဲမှာနေရာယူထားပြီး၊ စစ်သား ၂၀ လောက်ကိုလည်း ရွာပတ်ဝန်းကျင်ကို လွှတ်ထားတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်းပစ်ခတ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို ဇန်နဝါရီလ ၂၄ ရက်ကလည်း Well-2 ရေနံမြေစခန်းကို ရိက္ခာပို့တဲ့ကားကို ဝန်းရံပြီးလိုက်လာတဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲခဲ့ရာ စစ်သား ၂၀ သေဆုံးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10