မြိုင်မှာ စစ်ကောင်စီရိက္ခာကား ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး ကျည်မှန်ဒဏ်ရာရသူများဟုဆို

မြိုင်မှာ စစ်ကောင်စီရိက္ခာကား ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး ကျည်မှန်ဒဏ်ရာရသူများဟုဆို

မကွေးတိုင်း၊ မြိုင်မြို့မှ သရက်ခွရွာဘက်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဝိုင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး၊ ပျူအမျိုးသမီး လည်ပင်းလည်း သေနတ်ထိမှန်သလို စစ်သား ၆ ဦးပါ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ကားတစီးနဲ့ စစ်**နဲ့ ပျူအင်အား ၂၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်တွေကို မြိုင်မြို့နယ်၊ သရက်ခွရွာ မရောက်ခင် ဇန်နဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တာဝန်ခံက ပြောပါတယ်။  

"မြိုင်ကနေ သရက်ခွကိုလာတဲ့ စစ်သားနဲ့ပျူတွေပါတဲ့ ရိက္ခာကားကို တိုက်ခိုက်ခဲ့တာ။ သရက်ခွရွာမရောက်ခင် မဟာမိတ်အဖွဲ့တွေ ဝိုင်းတိုက်တာ။ စစ်**၂ ယောက်၊ ပျူအမျိုးသမီး လည်ပင်း သေနတ်မှန်တယ်။ သေတာတော့ မသိရဘူး။ ဒဏ်ရာရသူလည်း ၆ ယောက်လောက် ရှိတယ်" လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ - ၁၊ တပ်ခွဲ - ၂ (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ - ၃ (တရုတ်ကြီး)၊ တပ်ခွဲ - ၄ (စကြ်ာ)၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့ (မြိုင်)၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ MVPRF Hero New GZ ၊ Myaing warriors၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့ (MRDF)၊ ဘီလုံးငှက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာလမ်းဆုံမှာ ဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က Drone နဲ့ ဗုံးကြဲခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10