မြိုင်မှာ စစ်ကောင်စီလက်အောက်ခံတွေ ၂ ရက်ဆက်တိုက်ခံရပြီး ၂ ဦးသေဆုံး(ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ နဲ့ သရက်ကွရွာအနီးတို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ ပျူစောထီးတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ် လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ဆီက သိရပါတယ်။

ဧပြီ ၁ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ မြိုင်စက်မှု ၂ ထဲကိုဝင်လာတဲ့ အင်အား ၂၀၀ ခန့်ပါ တပ်မ ၁၀၁ က စစ်ကြောင်းကို အီနာဂါ 1 kg ဗုံးသီး ၄ လုံးချခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်  ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တွင်းမရွာကနေ မတ် ၂၇ ရက်ကတည်းက ထွက်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေဖြစ်ပြီး စက်မှု ၂ ထဲအဝင်ဗုံးကြဲချခံရတာဖြစ်ကာ လက်ရှိမှာတော့ မြိုင်မြို့ကိုပြန်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၂ ရက်မှာလည်း မြိင်မြို့နယ်၊ သရက်ကွရွာကနေ ပျူစောထီး ၃ ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ထွက်လာတာကို အသင့်စောင့်နေတဲ့အဖွဲ့က ပစ်ခတ်ခဲ့တာမှာ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးကတော့ ပြန်မပစ်နိုင်ဘဲ သရက်ကွရွာထဲကို ပြန်ဝင်‌ပြေးတယ် လို့ သိရပါတယ်။

သရက်ကွရွာမှာ ပျူစောထီးအင်အား ၃၀ လောက်ပဲရှိနေပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားတာလို့ ဆိုပါတယ်။

မြိုင်စက်မှု ၂ ထဲကို ဝင်လာတဲ့စစ်ကြောင်းကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ (ဝံပုလွေ‌ပြောက်ကျားတပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း(၁)၊ D.M.G ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ Thu Rain TR(ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သရက်ကွရွာက ထွက်လာတဲ့ ပျူစောထီး ၃ ဦးကိုတော့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် အဖွဲ့ကလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မြိုင် #စစ်သား #ပျူစောထီး #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10