မြိုင်မှာ စစ်တပ်မီးရှို့တဲ့ရွာ ၂ ရွာကို ဆန်နဲ့ဆီထောက်ပံ့

မြိုင်မှာ စစ်တပ်မီးရှို့တဲ့ရွာ ၂ ရွာကို ဆန်နဲ့ဆီထောက်ပံ့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ နှမ်းဆီကန်ကျေးရွာနဲ့ သာစည်ကျေးရွာက ဒေသခံတွေကို ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မနက်ပိုင်းမှာ ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆန်နဲ့ဆီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

မြိုင်ပကဖအဖွဲ့ဝင်တွေနဲ့ ဒေသခံအချို့ပူးပေါင်းပြီး အထက်ပါကျေးရွာတွေကနေ စစ်ရှောင်နေတဲ့ အိမ်ထောင်စု ၁၀၂ စုကို ထောက်ပံ့ပေးခဲ့တာပါ။ 

စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၁၅ ရက်မှာ သာစည်ရွာက နေအိမ် ၂၀ ကျော်နဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ နှင်းဆီကန်ကျေးရွာက နေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေလည်း ကျေးရွာကနေ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ 

 

#မြေလတ်အသံ

#မြိုင် #စစ်ရှောင် #မြိုင်ပကဖ #ထောက်ပံ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10