မြိုင်မှာ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးသေဆုံး၊ စစ်သားတွေလည်း သေဆုံးမှုရှိ

မြိုင်မှာ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးသေဆုံး၊ စစ်သားတွေလည်း သေဆုံးမှုရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ မတ်လ ၂၁ ရက်မနေ့က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း PDF ရဲဘော်တဦး သေဆုံးခဲ့ကာ စစ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုအခြေစိုက် ခလရ ၂၅၈ က စစ်သားတွေကို မြိုင်မြို့နယ်အတွင်းက နေရာ ၃ နေရာမှာ မနေ့မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီခွဲအတွင်း ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။


“၆ နာရီဝန်းကျင်မှာ မိုင်း ၂ လုံးခွဲတာ။ သရက်ကန်ရွာက ဒဏ်ရာရတဲ့ကောင်တွေကို မြိုင်ဆေးရုံပို့ဖို့ ကင်းပုန်းဝတ်ပေးနေတဲ့ ၅ ယောက်လုံးကို မိုင်းဆွဲခဲ့တာမှာ ၅ ယောက်လုံး သေတယ်။ နေ့လယ် ၁၀ နာရီလောက်မှာ သရက်ကန်ရွာက ထွက်လာတဲ့ ဖောကားတွေကို အဖွဲ့ ၃ ဖွဲ့ ပေါင်းပြီးမိုင်းဆွဲတာမှာ ဖောကားတွေတော့ ပျက်သွားတယ်။ ညနေ ၁ နာရီ ၂၀ မိနစ်လောက်မှာ မြိုင်ဘက်ကထွက်လာတဲ့ကားကို ကိုင်းတောမ ရဲစခန်းနဲ့ စက်မှု ၂ အကြား မိုင်းဆွဲတိုက်ခိုက်တာ” လို့ ပြောပါတယ်။

တတိယအကြိမ် ကိုင်းတောမရဲစခန်းနဲ့ စက်မှု ၂ အကြား မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော့ စစ်သားတွေဘက်က ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် မြိုင် တပ်ရင်း ၁ တပ်ခွဲ ၂ မှ အသက် ၂၅ နှစ်အရွယ် ရဲဘော် ခက်တာ သေဆုံးခဲ့ပြီး၊ သူ့ရဲ့အလောင်းကိုတော့ မနေ့ကညနေပိုင်းမှာပဲ သင်္ဂြုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ခန့်မှန်းပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် (မြိုင် ပကဖ) တပ်ခွဲ ၄ (စက်ြာ)၊ တပ်ခွဲ ၂ (ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်ကလည်း စစ်ကောင်စီလက်နက်တပ်ဆင်ထားတဲ့ ပေါက်မြို့နယ်၊
သရော်ကိုင်းရွာက ပျူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10