မြိုင်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

မြိုင်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေအားကောင်းတဲ့ မြိုင်မှာ ဇန်နဝါရီ ၁၁ ရက် မနေ့ကမနက်ပိုင်းက စစ်ကောင်စီနဲ့ PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ မြိုင် PDF တာဝန်ခံ ဗိုလ် Cross ကပြောပါတယ်။

"ခြောက်ကြားဇရပ် အရှေ့ဘက်မှာ လက်နက်ကြီးနဲ့ ထိုင်ပြီးပစ်ဖို့အသွား ဒီကောင်တွေနဲ့ထိပ်တိုက်တွေ့တော့ အဲဒီမှာလက်နက်ကြီးနဲ့ ၁ လုံးပစ်လိုက်နိုင်တယ်၊ နောက်ပြီးတော့လက်နက်ငယ်နဲ့လည်းအပြန်အလှန်ပစ်ခတ်မှုရှိတယ်၊ တိုက်ပွဲဖြစ်ပြီးကျနော်တို့ဘက်က အရေးမသာလို့ပြန်ဆုတ်ခဲ့ရတယ်၊ သူ့တို့ဘက်က ခန့်မှန်းခြေ ၇ ယောက်လောက်တော့ကျတယ်၊" လို့သူကပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မနဲ့ကံနီကြား၊ ခြောက်ကြားဇရပ်အရှေ့ဘက်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်အုပ်စုနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဗိုလ် Cross က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင် PDF နဲ့ ရွှေဓါးဗိုလ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေအရ မြိုင်မြို့နယ်အတွင်းက‌ နေရာ ၃ နေရာမှာ စစ်ကောင်စီက စစ်ကြောင်းချထားတယ်လို့လည်း မြိုင် PDF ရဲ့ တာဝန်ခံ ဗိုလ် Cross ကပြောပါတယ်။

" လက်ရှိအခြေအနေကတော့ ကုန်းဘလူမှာ စစ်ကြောင်းတစ်ကြောင်း၊ ရွာသစ်ကြီးမှာစစ်ကြောင်းတစ်ကြောင်း၊ လက်ယက်မမှာ စစ်ကြောင်းတစ်ကြောင်း ဒီကောင်တွေအထိုင်ချနေတယ်"  လို့သူကပြောပါတယ်။

မြိုင် PDF ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် နေ့လည် ၁၂ နာရီကလည်း မြိုင် - ပခုက္ကူလမ်း ကိုင်းကွေ့နားမှာ မိုင်းရှာနေတဲ့ စစ်ကောင်စီတပ်တွေကို မိုင်း ၁၆ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10