မြိုင်မှာ ဒုရဲမှူးနဲ့ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေကာ MA-3 ၁ လက်ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ပေါ် အထက ၁ ကျောင်းကနေ ထွက်လာပြီး မီးသတ်ရုံဘက်ကိုလာတဲ့ ဒုရဲမှူးနဲ့ ရဲ ၁ ဦးကို နိုဝင်ဘာ ၇ ရက် မနက် ၆ နာရီ‌ ၂၅ မိနစ်မှာစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။ 

အဆိုပါ ဒုရဲမှူးနဲ့ ရဲတပ်သားဟာ အရပ်၀တ်တွေနဲ့ မီးသတ်ရုံးဘက်ကို ဆိုင်ကယ် ၁ စီးနဲ့ သွားလာနေတယ်လို့ သတင်းရတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ ၂ ဦးလုံး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဗိုလ်ဘလိတ်က ပြောပါတယ်။ 

တိုက်ခိုက်ပြီးနောက် ရဲတွေဆီက MA-3 ၁ လက် သိမ်းဆည်းရခဲ့ပြီး ဒုရဲမှူးနဲ့ ရဲတပ်သားဟာ မြိုင်မြို့ပေါ် ရဲစခန်းက ရဲတွေဖြစ်နိုင်တယ်လို့ ဗိုလ်ဘလိတ်က ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Joker ပြောက်ကျားတပ်ဖွဲ့ နဲ့ မြိုင်မြို့နယ် ပကဖတပ်ရင်း (၁) ခွဲ (၃) တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ဒုရဲမှူး #ရဲ #ပစ်ခတ်ခံရ #ထိခိုက် #မြေလတ်ရုပ်သံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10