မြိုင်မှာ ပျူစောထီး မင်္ဂလာဆောင်နဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရ

မြိုင်မှာ ပျူစောထီး မင်္ဂလာဆောင်နဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်မှာ ပြုလုပ်နေတဲ့ ပျူစောထီးသား မင်္ဂလာဆောင်နဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အစည်းအဝေးလုပ်နေတဲ့ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ဆီက သိရပါတယ်။ 

မြိုင်မြို့၊ ကျေးလတ်ဖွဲ့ဖြိုးရေးရုံးမှာ ပြုလုပ်နေတဲ့ ပျူစောထီးမြင့်နိုင်ရဲ့ သား မင်္ဂလာဆောင်ကို ဇူလိုင်လ ၁ ရက် မနက် ၇ နာရီမှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ထွေအုပ်ရုံးကိုတော့ မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“မြိုင်မြို့ပေါ်မှာ ပျူစောထီးမင်္ဂလာဆောင်နေတဲ့အချိန် ဒရုန်းနဲ့အီနာဂါ ၆ လုံးလောက် ကြဲချနိုင်ခဲ့တယ်၊ မင်္ဂလာဆောင်ကတော့ အခမ်းအနားပြီးအောင် မြန်မြန်လုပ်သွားပါတယ်၊ အထွေ‌အုပ်ရုံးမှာက ဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးရှိတာသိလို့ သွားပစ်ခဲ့တာ၊ လက်လုပ်လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ တို့နဲ့ ပစ်ခတ်ခဲ့တာ၊ အစည်းအဝေးခမ်းမကတော့ အစည်းအဝေးဖျက်ပစ်လိုက်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာ က ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ၂ နေရာဟာ မီတာ ၈၀၀ လောက်သာကွာဝေးပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်၊ မြိုင် ပကဖ Drone တပ်ဖွဲ့၊ ခရိုင်တပ်ရင်း ၆ တပ်ခွဲ ၁၊ MPL အလယ်မြေအဖွဲ့ နဲ့ မြိုင်ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ နဲ့ ၂၈ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူကြားမှာ  စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #မြိုင် #ပျူစောထီးမင်္ဂလာဆောင် #ထွေအုပ်ရုံး #PDF #တိုက်ခိုက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10