မြို့တွေ စခန်းတွေကို ထိန်းချုပ်ဖို့အထိ ပြင်ဆင်ထားတယ်လို့ MBT ခေါင်းဆောင်ပြော (ရုပ်/သံ)

စခန်းသိမ်း မြို့သိမ်း တိုက်ပွဲတွေဆင်နွှဲကာ ထိန်းချုပ်ထားနိုင်ဖို့ရည်ရွယ်ပြီး End Point လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုတခုကို Myingyan Black Tiger-MBT အဖွဲ့က ပြုလုပ်နေပါတယ်။ 

မကွေးတိုင်း ရေစကြိုမြို့နယ်အခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger - MBT တပ်ဖွဲ့ဟာ ယခင် စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေလိုမဟုတ်ဘဲ ထိန်းချုပ်ထားနိုင်ဖို့အထိ ပြင်ဆင်နေတာဖြစ်တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်တော့မယ် MBT အဖွဲ့ဟာ မကွေးတိုင်းမှာ အခြေစိုက်ထားသလို စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီကို အားကောင်းကောင်းနဲ့ တော်လှန်နေတာဖြစ်ပါတယ်။

တိုက်ပွဲပေါင်း ၃၀၀ ဝန်းကျင်လောက် စစ်ကောင်စီနဲ့တိုက်ခဲ့ဖူးပြီး စစ်ကောင်စီဘက်က ၅၀၀ ဝန်းကျင်လောက် သေဆုံးခဲ့သလို MBT ရဲဘော် ၅ ဦးလည်းသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

MBT အဖွဲ့ဟာ တရားရေး၊ အုပ်ချုပ်ရေး၊ အခွန်ဘဏ္ဍာရေးပိုင်းဆိုင်ရာတွေကို လုံးဝပါဝင်မှာမဟုတ်ဘဲ တိုက်ခိုက်ရေးသီးသန့်လုပ်သွားမှာဖြစ်ပြီး ကူညီထောက်ပံ့မှုတွေ နည်းပါးပေမယ့်လည်း အကောင်းဆုံးရှေ့ဆက်သွားမှာဖြစ်တယ်လို့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

စာတည်း - ဈာန်မြင့်

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြို့ #စခန်း #ထိန်းသိမ်းရေး #ပြင်ဆင် #End Point #Myingyan Black Tiger-MBT #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10