မြို့ပေါ်စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်မယ့် လင်းယုန်အထူးစစ်ကြောင်း( ရုပ်/သံ)

စစ်ကိုင်းတိုင်းအခြေစိုက် အဖွဲတခုဖြစ်တဲ့ ရွှေဘိုခရိုင် တပ်ရင်း -၂၆ Myanmar Defense Force ရဲ့ အထူးလက်ရုံးတပ်ဖွဲ့ လင်းယုန်စစ်ကြောင်းဟာ မကြာခင် ပြည်သူတွေကြားမှာ ပေါ်ထွက်လာတော့မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်က တရားဝင်အသိပေးခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ၁၀ လပိုင်းကတည်းက MDF Special force လင်းယုန်စစ်ကြောင်းကို စတင်တည်ထောင်ခဲ့ပေမယ့် စစ်ရေးတဖက် သင်တန်းတဖက်နဲ့ တဆင့်ခြင်း တည်ဆောက်ခဲ့ရတဲ့အတွက် ၂၀၂၃ ခုနှစ်မှ စစ်ကြောင်းတခုအနေနဲ့ ရုပ်လုံးပုံပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

လင်းယုန်စစ်ကြောင်းဟာ တဖက်ကလည်း အထူးစစ်ဆင်ရေးသင်တန်း အဆင့်ဆင့်ကိုတက်၊ တဖက်မှာလည်း တိုက်ပွဲတွေရှိရင် ရှေ့တန်းလိုက်ကြရတဲ့အတွက် စစ်ကြောင်းစဖွဲ့စည်းချိန်ကတည်းက တိုက်ပွဲတွေနဲ့ အသားကျကာ ကနီ၊ မင်းကင်း၊ ဘုတလင် စတဲ့မြိုတွေမှာ တိုက်ပွဲပေါင်းများစွာ ဖော်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။

မကြာခင်မှာ မြို့ပေါ်တွေထိ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ရည်ရွယ်ကာ လင်းယုန်တို့ရဲ့ မြိုအဝင်ညဆိုတဲ့ ကမ်ပိန်းတခုလည်း ပြုလုပ်နေပြီး အဲ့ဒီကမ်ပိန်းကရတဲ့ ထောက်ပံ့ငွေတွေနဲ့ ရဲဘော်တွေကို ပြည့်စုံတဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ကာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို  ပြင်ဆင်နေကြပါတယ်။

တော်လှန်ရေး၂နှစ်ကျော်ကာလအတွင်း ရွှေဘိုခရိုင် တပ်ရင်း-၂၆ Myanmar Defense Forceမှာ တပ်ခွဲ ၁ Special Force လင်းယုန်စစ်ကြောင်း၊ တပ်ခွဲ ၂ ရွှေဘို၊ တပ်ခွဲ ၃ ဘုတလင် တို့ပါဝင်ပြီး လင်းယုန်စစ်ကြောင်းမှာတော့ အင်အား ၈၀ ကနေ ၁၀၀ကြားရှိတယ်လို့ သိရပါတယ်။ 

တည်းဖြတ် - ဇို

#မြေလတ်အသံ

#စစ်ကိုင်းသတင်း #တိုက်ပွဲ #MDF #လင်းယုန်စစ်ကြောင်း #လင်းယုန်တို့ရဲ့မြို့အဝင်ည #ရုပ်သံသတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10