မြို့ပေါ်လာရှောင်နေတဲ့ ကြံခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မြို့ပေါ်လာရှောင်နေတဲ့ ကြံခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောင်မြေကျောင်းလမ်းမှာ တအုံကျေးရွာကနေ မြို့ပေါ်ကိုလာရှောင်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၃ ရက် မနေ့ ညနေ ၃ နာရီလောက်မှာ အောင်မြေသာကျောင်းလမ်းရှိ စားသောက်ဆိုင်တခုကနေထွက်လာတဲ့ တအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လင်း ၅၇ နှစ်ကို လက်နက်ကိုင်လူတစုက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့ရွာက တရွာလုံးနီးပါး ရွာမှာမနေကြဘူး။ စစ်တပ် စစ်ကြောင်းဝင်တာရှိသလို PDF အဖွဲ့တွေလည်း ဝင်တာတွေရှိတာကြောင့် ရွာကနေ အဆင်ပြေရာပြောင်းနေကြတာ။ ခုအသတ်ခံရတဲ့ အုပ်ကြီးကလည်း သူလည်း အသတ်ခံရမှာကြောက်လို့ မြိုပေါ်လာနေကာမှ ပစ်သတ်ခံရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးစိန်လင်းမှာ ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ သေနတ်ကျည်ထိ ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရှိရသေးပါဘူး။ 

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းကိုကောက်ယူကာ ရွှေဘိုဆေးရုံကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ဖြစ်သလို မြို့နယ်အတွင်းရှိကျေးရွာတွေမှာ မနေထိုင်ရဲတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီသတင်းပေး ဒလန်တွေလည်း လာရောက် ပုန်းရှောင်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၃ ရက်မနက် ၉ နာရီလောက်မှာလည်း ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်၊ ချီပါစုရပ်၊ နေရဗ္ဗန် ဘုရားဝင်းအတွင်းမှာ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဇော် (ခ) ဦးဆွေ ၆၃ နှစ်ကို  သေနတ်သမားတွေက ဝင်ပစ်သွားလို့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #သေဆုံး #ကြံခိုင်ရေးပါတီဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10