မြို့မဈေးအနီးမှာ ပစ်ခတ်ခံရလို့ ဒုတပ်ကြပ် ၁ ဦး သေဆုံး

မြို့မဈေးအနီးမှာ ပစ်ခတ်ခံရလို့ ဒုတပ်ကြပ် ၁ ဦး သေဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မြို့မဈေးအနီးမှာ ခလရ ၇၇ တပ်ရင်းကနေ ဈေးဝယ်ထွက်လာတဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး ဒုတပ်ကြပ် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၁ ရက် မနေ့ ညနေ ၅ နာရီဝန်းကျင်က မြို့မဈေးထဲမှာ ဈေးဝယ်ပြီးအပြန် အနီးပတ်ဝန်းကျင်ကို ဆိုင်ကယ်နဲ့ ကင်းပတ်နေချိန် ကာကွယ်ရေးအဖွဲ့တွေက အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သေနတ်နဲ့ ၅ ချက်ပစ်ပြီး ဒုတပ်ကြပ်က မျက်စိရှေ့တင် ပွဲချင်းပြီးသေသွားတယ်၊ မြို့ထဲမှာဆိုတော့ အန္တရာယ်အများကြီးနဲ့ ဝင်ပစ်ခဲ့ရတာ၊ ကျတော်တို့က သူ့(ဒုတပ်ကြပ်)ကို ချောင်းနေတာကြာပြီ၊ အခွင့်မသာလို့ မလုပ်ရတာ၊ ခုကအခွင့်သာလို့ ဝင်လုပ်ခဲ့တာ။" လို့ မကွေးခရိုင်တပ်ရင်း ၂ တာဝန်ခံ ဗိုလ်စံသျှားက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ဆိုင်ကယ်မောင်းနှင်လာတဲ့ ဒုတပ်ကြပ် ပွဲချင်းပြီးသေဆုံးခဲ့ပြီး တပ်သား ၁ ဦးကတော့ ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရစစ်သားကိုတော့ ပစ်ခတ်မှုဖြစ်ပြီး ခဏအတွင်းမှာပဲ လူနာတင်ကားနဲ့လာကောက်ကာ မကွေးစစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်မှာတော့ မြို့မဈေးထိပ်နဲ့ ဈေးပတ်လည်မှာ ဈေးဝယ်လာတဲ့ ပြည်သူတွေနဲ့ ဆိုင်ကယ်စီးနင်းသူတွေကို အစစ်ဆေးတင်းကြပ်နေပြီး ပြည်သူတချို့လည်း ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း၂၊  ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ ချောက်ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း မကွေးလေတပ်စခန်းကို ကာကွယ်ရေးအဖွဲ့  ၄ ဖွဲ့ပေါင်းပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး ဆီဂိုထောင်နဲ့ ကင်းတဲ ထိမှန်ပေါက်ကွဲကာ စစ်ကောင်စီတပ်သားတွေ ထိမှန်သေဆုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ရေနံချောင်း #မြို့မဈေး #စစ်ကောင်စီ #ခလရ၇၇ #ဒုတကြပ် #ပစ်ခတ်ခံရ #သေဆုံး #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10