မြို့မရဲစခန်းနဲ့ မြို့တွင်းကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲ ၃ဦးနဲ့ စစ်သား ၅ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပေါ်မှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို Myingyan District Army-4 Natogyi PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီစခန်းတွေကို အချိန်မရွေးသိမ်းလို့ရတာ ပြချင်တဲ့သဘောနဲ့ နွားထိုးကြီး မြို့မရဲစခန်းနဲ့ ဆောက်လုပ်ရေးရုံးတို့ကို ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ၁ ကြိမ် နေ့လယ် ၂ နာရီဝန်းကျင်မှာ ၁ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

နွားထိုးကြီးမြို့နယ်ထဲမှာ ပြောက်ကြားစစ်ပုံစံမျိုး အမြဲတမ်းဖြစ်ပွားနေပြီး ယခင်တိုက်ပွဲတွေက မြို့ပြင် နယ်ဘက်၊‌ တောဘက်တွေမှာ တိုက်ပွဲအဖြစ်များကာ ယခုမြို့ပေါ်တိုက်ပွဲမှာတော့ ပြည်သူတွေက မတိမ်းမရှောင်တတ်လို့ တိုက်ပွဲဖော်ဆောင်ရာမှာ ခက်ခဲခဲ့တယ်လို့ Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်က ပြောပါတယ်။

တိုက်ခိုက်ရာမှာ ကျည် ၅၀၀ ဝန်းကျင်နဲ့ လက်နက်ကြီးအလုံး ၄၀ လောက် ပစ်ခတ်ခဲ့ပြီး သေဆုံးမှုကိုတော့ အတွင်းသတင်းပေးပြောပြချက်အရ စစ်သား ၅ ယောက်နဲ့ ရဲ ၃ ယောက်သေတယ်လို့ တပ်ရေးဗိုလ်က ဆက်ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီရှိတဲ့နေရာတွေကို ခပ်စိပ်စိပ်တိုက်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိရှိဖို့လည်း Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်က ဆိုပါတယ်။

တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းခြံခရိုင် #နွားထိုးကြီး #မြို့မရဲစခန်း # ဆောက်လုပ်ရေးရုံး # စစ်အုပ်စု #တိုက်ခိုက်ခံရ #ထိခိုက် #PDF #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10