မြို့သစ်နယ်က ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

မြို့သစ်နယ်က ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး နိုဝင်ဘာ ၅ ရက် နေ့ လယ် ၂ နာရီခန့်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၄၀ ဝန်းကျင်ရှိ မကြီးကုန်းကြီးရွာအုပ်ချုပ်ရေးမှူး  ဦးဇော်ဇော် ဖြစ်ပြီး နေအိမ်အောက်ကွပ်ပျစ်မှာ အိပ်နေချိန် သေနတ်သမားတွေက ဝင်လာပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သိရသလောက်ကတော့ နေ့လယ်ပိုင်း သူ့အိမ်မှာ အရက်မူးပြီး အိပ်နေချိန် လာဝင်ပစ်သွားတာပဲ။ ခေါင်းကိုပဲ ရွေးပစ်သွားတာ။ ခေါင်းမှာကျည်မှန်လို့ ဦးနှောက်တွေပါ ထွက်နေတာ"လို့ မြို့သစ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ဆိုပါတယ်။

ဦးဇော်ဇော်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ထားတာ မကြာသေးသလို မကြီးကုန်းကြီးကျေးရွာ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးတဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြို့သစ် #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေးပါတီ #စည်းရုံးရေးမှူး #ပစ်သတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10