မြို့သိမ်းတိုက်ပွဲအတွက် ကျည်အစစ်တွေသုံးကာ လေ့ကျင့်ရေးဆင်း

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အခြေ‌စိုက်တပ်ရင်းတခုဖြစ်တဲ့ ၉၀၁ တပ်ရင်းမှာ မြို့သိမ်းတိုက်ပွဲအတွက် ရည်ရွယ်ကာ လက်တွေ့စစ်ရေးပြပွဲတခု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့က မနက် ၈နာရီကနေ နေ့လည် ၁နာရီထိ ကျည်အစစ်၊ လက်နက်အစစ်တွေသုံးကာ လက်တွေ့ လေ့ကျင့်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NUG လက်အောက်ခံ ၉၀၁ တပ်ရင်းမှာ မွမ်းမံသင်တန်းပေးတာတွေ၊ စစ်ရေးလေ့ကျင့်တာတွေကို အပြင်းထန်လုပ်နေပြီး ၂၀၂၃ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10