မြေပဲစိုက်ဖို့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦး ဒဏ်ရာရ

မြေပဲစိုက်ဖို့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယောလယ်လှကျေးရွာမှာ မြေပဲစိုက်ဖို့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ KBU တောလေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်မနက် ၁၀ နာရီခန့်မှာ ယောလယ်လှကျေးရွာက ပျူစောထီးခေါင်းဆောင် ကြည်အေးနဲ့ မိသားစုဝင်တွေအပါအဝင် ပျူစောထီး ၁၇ ဦးလောက်က ကျေးရွာထိပ်က မြေပဲခင်းကိုထွက်လာချိန်မှာ လက်နက်ငယ်တွေနဲ့ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ပစ်တာက မီတာ ၅၀ ဝန်းကျင်လောက်ပဲရှိတာဆိုတော့၊ ရဲဘော်တွေဝိုင်းပစ်တာဆိုတော့ ပျူခေါင်းဆောင် ကြည်အေးရဲ့သမီးဖြစ်သူ လဲကျသွားတယ်။ အဲ့နားကို ပြုံပစ်တာ။ "လို့ KBU တောလေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ပျူခေါင်းဆောင်ကြည်အေးရဲ့ သမီးဖြစ်သူအပါအဝင် ၃ ဦးထိခိုက်ခဲ့ပြီး သေဆုံးမှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ခတ်ချိန် ယောလယ်လှကျေးရွာထိပ်ရှိ ပျူစောထီးဘန်ကာနှစ်ခုထဲက လည်း ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ KBU တောလေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို KBU-တောလေး၊ ဗိုလ်နဂါးအဖွဲ့နဲ့ ပူးပေါင်းညီနောင်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ နီးပါးနေထိုင်တဲ့ ယောလယ်လှကျေးရွာမှာ ပျူစောထီး ၅၀ ဦးနဲ့ စစ်ကောင်စီတပ်သား ၆ ဦးဝန်းကျင်လောက်တပ်စွဲနေထိုင်နေကြကာ ကျေးရွာအတွင်းမှာလည်း ပျူစောထီးသင်တန်းတွေကို မကြာခဏပေးလေ့ရှိတယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ မြို့လယ်အရက်ဆိုင် အိမ်သာထဲရှိနေတဲ့ ဇီးကုန်းရဲစခန်းက ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - KBU တောလေးအဖွဲ့နှင့် မဟာမိတ်အဖွဲ့ဝင်များ ယောလယ်လှကျေးရွာမှ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီး #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10