သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချနေတဲ့ ကျောက်ရစ်ရဲစခန်းကို ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီမှာ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ - ၃)က ပြောပါတယ်။
ရဲအပါအဝင် စစ်ကောင်စီအင်အား ၁၀၀ ကျော်နေထိုင်တဲ့ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်း ၂ ဖွဲ့က ၁ မိုင်အကွာကနေ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခဲ့တာလို့ ဆိုပါတယ်။
"၆ လုံးပစ်တာမှာ ၄ လုံးက စခန်းထဲကိုကျတယ်။ ကျန် ၂ လုံးမှာ ၁ လုံးကကျော်ကျသွားပြီး တလုံးက မရောက်လိုက်ဘူး။ သေဆုံး၊ ဒဏ်ရာရစာရင်းမသိရသေးဘူး" လို့ လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ- ၃ )မှ တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။
အခုလို ပစ်ခတ်တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် လျှပ်စီးတပ်ခွဲနဲ့ ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က အထိအခိုက်မရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ တပ်ခွဲမှူးမိုးကြိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၈ ရက်မှာလည်း ကျောက်ရစ်ရဲစခန်းကို Myaung Special People’s Defense Force -MSPDFက Fixed Win Drone နဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်မှာလည်း အဲဒီကျောက်ရစ်ရဲစခန်းမှာ မွေးနေ့ပွဲကျင်းပနေတာကို Myaung Special Drone Force (MSPDF) တပ်ဖွဲ့နဲ့ CHU PDF ပူးပေါင်းအဖွဲ့တို့က ဒရုန်း ၂ စီးနဲ့ အီနာဂါဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #စစ်ကောင်စီ #ကျောက်ရစ်ရဲစခန်း #သတင်း
Share Share Share