မြောင်က ၃ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၃ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆူးလေကုန်းကျေးရွာ၊ သုခဒီပကျေးရွာနဲ့ ရွှေလှံကျေးရွာတွေမှာ ၃ ရက်အတွင်း ၃ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၃ ဦးကျော်ဒဏ်ရာရတယ်လို့ Myingyan District Drone Strike Team ထံက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ၇ နာရီခန့်မှာ ဆူးလေကုန်းကျေးရွာကိုဝင်ရောက်ပြီး နေအိမ်တွေကို ဝင်မွှေနေတဲ့ စစ်ကောင်စီအင်အား ၈၀ ကျော်ပါတဲ့အဖွဲ့ကို မောင်းသူမဲ့လေယာဥ်အပါအဝင် ဒရုန်းတွေဗုံးတွေနဲ့ ၆ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီခန့်က သုခဒီပကျေးရွာနဲ့ မေတ္တာကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲ ဝင်ရောက်နေထိုင်နေစဥ် မောင်းသူမဲ့လေယာဥ်နဲ့ ဒရုန်းအသုံးပြုကာ ၁၁ ကြိမ် တိုက်ခိုက်ခဲ့တာပါ။

အောက်တိုဘာ ၂၈ ရက် မနက် ၁၁ နာရီခန့်မှာ သုခဒီပကျေးရွာဘက်ကနေ ရွှေလှံရွာဘက်ကိုလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းကနေစောင့်ပြီး မြေပြင်ပစ်ခတ်မှုအပြင် ဝေဟင်ကနေ ဒရုန်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီ ၃ ရက်တာတိုက်ပွဲအတွင်းမှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၃ ဦးကျော်ဒဏ်ရာရပြီး ၂၉ ရက် မနက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို  Myingyan District Drone Strike၊ Shar Htoo Waw နည်းပညာ Team2၊ ညောင်ဦးခရိုင် ဒရုန်းတပ်ဖွဲ့၊ MHLG Wing ဒရုန်းတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်ပကဖ၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ Thway Thauk Revolution Forces၊ မြင်းခြံခရိုင်တပ်ရင်း ၁၊၂၊၃၊၄ တပ်ရင်း ၅ MGN 35 တို့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရေစကြိုတိုက်ပွဲ #မြောင်သတင်း #တိုက်ပွဲ #သတင်း #စစ်ကိုင်း #မြေလတ်သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10