မြောင်က ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့‌ပေါ်ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့နေရာ ၂ ခုကိုဒေသခံကာကွယ်ရေးတပ်တွေက Fixed Wing Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mandalay Drone Force MDF အဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၃၀ ရက် နေ့လယ် ၁ နာရီကနေ ည ၈ နာရီခွဲအထိ မြောင်မြို့ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို Fixed Wing Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

မြောင်မြို့ပေါ်က ထွေအုပ်ရုံးကို ၄ လုံး ရဲစခန်းထဲက ဘန်ကာထဲကို ၁၀ လုံးကြဲချခဲ့ပြီး  Fixed Wing Drone တွေမှာ မီးတွေပါတာကြောင့် စစ်ကောင်စီဘက်က ၆၀ မမတွေနဲ့ ၅ လုံးခန့် ကောင်တာပြန်ပစ်တယ်လို့  Mandalay Drone Force MDF ကျားခင်စိန်က ပြောပါတယ်။

သေဆုံးမှုကိုတော့ စစ်ကောင်စီဘက်က ဖုံးဖိထားတာကြောင့် အတိအကျမသိရသေးဘဲပစ်မှတ်တွေကို တိုက်ရိုက်ထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရသူ တော်တော်များများရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Mandalay Drone Force MDF၊ စစ်ကိုင်းခရိုင်းအမှတ် ၁ တပ်ရင်း၊ PEACOCK Drone Team၊ Blood Brother & HERO၊ MUA. တိုက်ဂါးကြီး၊ Mandalay Mobile Defense force(M.M.D.F)၊ ညောင်ဦးခရိုင်တပ်ရင်း ၅ ရဲဘော်ညီနောင် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10