မြောင်နဲ့ ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစုကို ဖွဲ့စည်း

မြောင်နဲ့ ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစုကို ဖွဲ့စည်း

မကွေးတိုင်း၊ မြောင်မြို့နဲ့ ရေစကြိုမြို့နယ်ထဲမှာရှိတဲ့ ရေလယ်ကျွန်းဒေသထဲ စစ်ကောင်စီတပ် ဝင်ရောက်သောင်းကျန်း စိုးမိုးမှုကို ကာကွယ်နိုင်ဖို့ စက်တင်ဘာ ၁ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေစုပေါင်းပြီး "မြောင်နှင့် ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစု" ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ Myingyan Black Tigerက ပြောပါတယ်။

အဆိုပါ မဟာမိတ်ဖွဲ့စည်းနိုင်ရေးအတွက် သြဂုတ် ၂၆ ရက်မှာ Myingyan Black Tigerက နွေးဆွေးပွဲပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်မှာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားနေကြတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အများအပြားက တက်ရောက်လာကြရာ ၂ နာရီကြာဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဘုံသဘောတူညီချက် ၁၀ ချက်ကို သဘောတူ လက်မှတ်ထိုးနိုင်ခဲ့တာလို့ ဆိုပါတယ်။

"မဟာမိတ်အဖွဲ့ထဲ ပါဝင်တဲ့အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့အနေနဲ့ လျှိုဝှက်စွာ လုပ်ကိုင် ဆောင်ရွက်သွားမှာဖြစ်လို့ အဖွဲ့ဝင်နာမည်တွေ၊ အဖွဲ့ဝင်အရေအတွက်ကို မထုတ်ပြန်ဖို့သဘောတူခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အဖွဲ့ဝင်အင်အားကို ပြောလိုက်တဲ့အချိန်မှာ စကစတွေက အင်အားကို ခန့်မှန်းမိမှာပေါ့။ အဲ့အချိန် မှာ စကစတွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာမှာ စိုးလို့ပါ"လို့ Myingyan Black Tigerမှခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မြောင်နှင့် ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစုကို ဖွဲ့စည်းခဲ့ရတဲ့ အဓိကရည်ရွက်ကတော့ ဒေသခံပြည်သူတွေ ငြိုငြင်စေမည့် မတရားမှု မှန်သမျှကို ဝိုင်းဝန်းတိုက်ထုတ်ရန်၊ မိမိတို့ အခြေစိုက်ရာဒေသ၊ ကျေးရွာတွေကို စကစတပ်တွေ အနိုင်ကျင့် ရမ်းကားနေမှုတာကို နောက်မဆုတ်စတမ်း ညီညွတ်စွာ ဝိုင်းတိုက်ရန်၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေအချင်းချင်း အပြန်အလှန် အကူအညီပေးနိုင်ရန်၊ စကစတပ်ကိုသာ ဘုံရန်သူအဖြစ် သဘောထားပြီး တော်လှန်ရေး အင်အားစုတွေကြား သဘောထားကွဲနေတာတွေ၊ ညီညွတ်မှုပျက်ပြားနေတာတွေ၊ အနိုင်ကျင့်တာတွေကို ဝိုင်းဝန်းအဖြေရှာပြီး ပူးပေါင်းဖြေရှင်းနိုင်ရန် ဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြောင်မြို့ #ရေစကြိုမြို့နယ် #ရေလည်ကျွန်းဒေသ #မဟာမိတ်တပ်ပေါင်းစု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10