မြောင်မြို့က ရဲစခန်း၊ ထွေအုပ်နဲ့ စုပေါင်းရုံးတွေ တပြိုင်တည်းဝင်တိုက်ခံရ( ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့ပေါ်က မြို့မရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာ စုပေါင်းရုံးတွေကို ၃ ဖွဲ့ခွဲပြီး တပြိုင်တည်း ဝင်တိုက်ခဲ့ကြတယ်လို့ မိတ္ထီလာခရိုင် အမှတ် ၂တပ်ရင်းဆီက သိရပါတယ်။

ဇွန်လ ၂၁ရက် မနက် ၅နာရီခွဲလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁နာရီကျော်ကြာမြင့်ကာ PDF တပ်ပေါင်းစုတွေဘက်က လက်နက်ကြီး၊ငယ် အပါအဝင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ မိတ္ထီလာခရိုင် အမှတ် ၂တပ်ရင်း တာဝန်ခံက ပြောပါတယ်။

ဝင်တိုက်ခံရတဲ့ ၃နေရာဟာ တနေရာနဲ့ တနေရာကို မီတာ ၅၀၀ ကနေ ၇၀၀ ကြားကွာဝေးပြီး PDF ၁၀ဖွဲ့ဝန်းကျင်ပေါင်းကာ ၃ဖွဲ့ခွဲတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ မဟာမိတ်အဖွဲ့တခုဖြစ်တဲ့ MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ဝင်ပစ်လို့ရတဲ့နေရာတွေဆိုဝင်ပစ်တယ်။ ဝင်ပစ်လို့မရတဲ့နေရာတွေကိုတော့ Drone တွေ Rocket တွေနဲ့အဝေးကနေတိုက်တယ်။ သေဆုံးတာတွေကိုတော့ ဖရဲသီး ဆီကပြန်ကြားရတယ်” လို့ MSPDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲနေရာတွေ တိုက်ခိုက်ချိန်မှာ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wing Droneများ အသုံးပြု၍ '' 𝐀𝐢𝐫 𝐁𝐨𝐦𝐛'' ၉ လုံး၊ ၄၀မမ ဗုံးသီး ၁၇လုံး Rocket (MSPDFထုတ်) ၈ လုံး၊ လက်နက်ငယ်ကျည်မျိုးစုံ ၃၂၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ဦးကနေ ၇ဦးထိသေဆုံးခဲ့ပြီး ၁၅ဦးလောက်အထိ ဒဏ်ရာရခဲ့တယ်လို့ PDF အဖွဲ့တွေဆီက သိရပေမယ့် အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း − MSPDF ၊ Myaung Special Drone Force – MSDF ၊ မိတ္ထီလာခရိုင်အမှတ် (၂) တပ်ရင်း MHLG PDF ၊ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း ၊ Burmese Guerrilla Force – BGF  ၊ T.G.R  ၊ CHU PDF  တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

နန်းခမ်း၊ တည်းဖြတ်- ဇို

 

#မြေလတ်အသံ

 

#စစ်ကိုင်း #မြောင် #ရဲစခန်း #ထွေအုပ်ရုံး #စုပေါင်းရုံး #တပြိုင်တည်းတိုက်ခိုက် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10