မြောင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

မြောင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ထုံးကြိုင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၁၀ ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ (Myingyam Ranger)အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်က မြောင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ စစ်တပ်ကို ထုံးကြိုင်ကျေးရွာနဲ့ မယ်မသော်ကျေးရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဘက်က စစ်ကြောင်းမှူးကျဆုံးခဲ့တာကြောင့် ကျေးရွာတွေဘက်ကို စစ်ကြောင်းမထိုးတော့ဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ MyinGyam Ranger အဖွဲ့ကပြန်ကြားရေးတာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။

"မျက်မြင်မှာတင်ကို ပစ်နေခတ်နေစဥ်အတွင်း သူတို့(စစ်တပ်)ဘက်ကနေ လဲကျသွားတာတွေ မြင်ရတယ်။ အနီးကပ်တိုက်ပွဲဆိုတော့လေ" လို့ ကိုဗလကြီးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒဏ်ရာရစစ်သားတွေနဲ့ သေဆုံးအလောင်းတွေကို အိမ်စီးကား ၂ စီးနဲ့ ပြန်လာသယ်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုမြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ (Mingyam Ranger)အဖွဲ့နဲ့ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ထုံးကြိုင်ကျေးရွာ #PDF #ခြုံခိုတိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10