မြောင်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲက မြောင်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့သလို ဝန်ထမ်းလိုင်းခန်းတွေနဲ့ ရဲစခန်းအဆောက်အဦတွေ ပျက်ဆီးခဲ့တယ်လို့ အမရပူရစစ်သည်တော်အဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီလောက်အထိ အမရပူရမြို့နယ်ပကဖ၊ အမရပူရစစ်သည်တော်၊ စဉ့်ကိုင်မြို့နယ်ပအဖ၊ မုံရွာမြို့ နယ်စည်းမခြားကာကွယ်ရေးတပ်၊ မြောင်မြို့နယ်တပ်ပေါင်းစုတွေ အပါအဝင် နယ်မြေခံကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ရဲစခန်းဘက်ကလက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ၄၀ မမအပါအဝင် လက်နက်ငယ်တချို့နဲ့သာ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့အချိန် မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သုံးယောက်ဒဏ်ရာရတာကို သိရတာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်ပေမယ့် သတင်းရပြီးပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရဲစခန်းမှာ စစ်ကောင်စီအင်အား ၇၀ ခန့် တပ်စွဲထားပြီး လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကို ပိုက်ဆံတောင်းတာ၊ မြေပဲနှုတ်တောင်သူတွေကို ပိုက်ဆံတောင်းပြီးမှ လမ်းကိုဖြတ်သွားခိုင်းတာတွေ လုပ်တာကြောင့် ဒေသခံတွေရဲ့ တိုင်တန်းချက်အရ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်မိုးလွင်က ပြောပါတယ်။

ဒီလို ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်းရဲ့အပြင်ဘက်တွေမှာကင်းပုန်းတွေချထားပြီး ဗန်ကာတဲတွေကိုပါ ထပ်မံဆောက်လုပ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း အဲ့ဒီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ရဲစခန်း #ပကဖ #စစ်ကောင်စီ #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10