မြောင်မှာ တပ်မ ၉၉ ကစစ်သားတွေ ၃ ကြိမ်တိုက်ခိုက်ခံရ

မြောင်မှာ တပ်မ ၉၉ ကစစ်သားတွေ ၃ ကြိမ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲကို စစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၉ ရက်မနေ့ကနေ့လည်ပိုင်းကစပြီး ဒေသခံကာကွယ်ရေးတပ်တွေက ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
ကျောက်ရစ်ရွာဘက်ကိုထွက်လာတဲ့ စစ်ကြောင်းတခုကို ကင်းရွာနဲ့ကိုးပင်ရွာကြားအရောက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ တကြိမ်နဲ့ ကိုးပင်ရွာထဲကိုဝင်ချိန် နေ့လယ် ၁၂ နာရီလောက်မှာ တကြိမ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် − T.G.Rမှ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
 
“ကျောက်ရစ်ကိုထွက်လာတဲ့ အင်အား ၄၀ စစ်ကြောင်းကို နေ့လယ် ၁၁ နာရီခွဲဝန်းကျင် ကင်းရွာနှင့် ကိုးပင်ရွာအကြားမှာ ၁ ပွိုင့် မိုင်းဆွဲတိုက်ခိုက်တယ်၊ သူကတော့ ထိခိုက်မှုရှိတယ်၊ အသေအပျောက်မရှိဘူး၊ ကိုးပင်ရွာအဝင်မှာ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ နောက်ထပ် ၁ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။
 
ဒါ့အပြင် ညနေ ၃ နာရီလောက်မှာတော့ မြောင်မြို့ကနေ ကူတို့ကုန်းရွာဘက်ကိုထွက်လာတဲ့ စစ်ကြောင်းကို အဲ့ဒီလမ်းကြားတနေရာမှာပဲ ရှေ့ထွက်မိုင်း ၁ လုံးနဲ့ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဗိုက်တိုက်ဂါးက ဆက်ပြောပါတယ်။
 
“မြောင်နဲ့ကူတို့ကုန်းရွာအကြား ညနေ ၃ နာရီ ဝန်းကျင်မှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့တိုက်ခိုက်တာ၊ နေရာမှာတင်ပွဲခြင်းပြီး ၁ ကောင်သေတယ်၊ ဒဏ်ရာအပြင်းအထန် ၄ ကောင်ရပြီး ကားနဲ့စခန်းကို တိုက်သွားတယ်၊ စခန်းရောက်မှ ၃ ကောင်ထပ်သေတယ်” လို့ ပြောပါတယ်။
 
တိုက်ခိုက်ချိန်တွေအတွင်း စုစုပေါင်းတပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေက ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ခုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မိတ္ထီလာအခြေစိုက် တမခ ၉၉ က ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်ကလည်း စစ်ကိုင်းကထွက်လာတဲ့ စစ်ကား ၃ စီးကို မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနဲ့ နတ်ရေကန်ရွာအကြားမှာ T.G.R အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10