မြောင်မှာ စစ်သင်္ဘောကို လုံခြုံရေးယူဖို့သွားတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရ

မြောင်မှာ စစ်သင်္ဘောကို လုံခြုံရေးယူဖို့သွားတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်သင်္ဘောကို လုံခြုံရေးယူဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ Bagan Ogre Force က ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူဖို့အတွက် ကျောက်ရစ်ရဲစခန်း ကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်ခွာလာချိန် ကျောက်တန်းကျေးရွာအနီးအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စကစသေဆုံးမှုက အတိအကျ မသိနိုင်ဘူးဗျ။ များတော့ များမယ်။ ရဲစခန်းအထဲထိ ဝင်မရတော့သေဆုံးမှု မသိနိုင်ပါဘူး။ ကျွန်တော်တို့ဘက်က အော်တိုမောင်းပြန် ၁၅ လက် လောက်နဲ့ တရစပ် ဝင်ပစ်တာပါ။ ကိုးလုံးနဲ့ ၄၀ တွေရောပါတယ်" လို့ Bagan Ogre Forceမှ ပြန်ကြားရေးတာဝန်ခံ ကိုဇီးကွက်ကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားတွေဟာ ကျောက်ရစ်ရဲစခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ကိုဇီးကွက်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Bagan Ogre Force၊ Myingyan Black Tiger၊ Popa Production & Guerrilla Force၊ Thway Thauk Revolution Force၊ ဒေါင်မင်းကြီး(မြောင်)၊ အညာမြေအထူးကွန်မန်ဒို နဲ့ ရန်ကြီးအောင် PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာလည်း Bagan Ogre Forceက အင်အား ၁၀၀ကျော်နဲ့ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းကို ၇၆ ကြိမ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အမှတ်တရအနေနဲ့ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့သေးတယ်လို့သိရပါ တယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း၊ #မြောင်မြို့နယ် #စစ်သင်္ဘော #ချင်းတွင်းမြစ် #ရဲစခန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10