မွေးမြူရေးတပ်စခန်း ဝင်စီးခံရလို့ အရာရှိ ၂ ဦးအပါ ၇ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

မွေးမြူရေးတပ်စခန်း ဝင်စီးခံရလို့ အရာရှိ ၂ ဦးအပါ ၇ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေ မွေးမြူရေးတပ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ဦးအပါ ၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင် PDF တာဝန်ခံ ဗိုလ် Cross က ပြောပါတယ်။

ဝင်စီးနင်းချိန် အပြန်အလှန် ပစ်ခတ်မှု ၃ နာရီနီးပါး ကြာခဲ့ပြီး အဆောင်တချို့နဲ့ စခန်းတချို့ကို မီးရှို့ခဲ့ပြီး တပ်ကြပ်ကြီး တဦးနဲ့ တပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီမွေးမြူရေးစခန်းကို လုပ်ဖို့ရာ နည်းနည်းချိန်နေတာ ကြာပြီ။ အခုမှအကောင်အထည်ဖော် ဖြစ်တာ။ ကြားထဲမှာလည်း သတင်းတွေပေါက်နေတာကြောင့် ငြိမ်နေလိုက်တာ။ အဲဒီအထဲက အဆောင်တော်တော်များများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ အဲဒီအထဲက မြင်းတွေကိုတော့ လွှတ်ခဲ့တယ်။ ခြံစည်းရိုးတွေရှိတော့ လွတ်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ဗိုလ်ကြီးတဦး ဗိုလ်လေးတဦးနဲ့ တပ်သား ၅ ဦးသေဆုံးခဲ့လို့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာပစ်ကူပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

PDF တွေဘက်က ထိခိုက်မှုမရှိပဲ စစ်ကောင်စီဘက်က ၃ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၃ လက်နဲ့ ပစ္စည်းအချို့ သိမ်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်မြို့နယ် ၊ Earthquake People Defence Force ၊ MC KC မြစ်ခြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10