သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အညာဒေသအခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်တခုကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြိုနယ်အတွင်းမှာရှိတဲ့ ရန်ကုန်-ပြည်လမ်းမနဲ့ အမှတ် ၄ လမ်းမဆုံရာနေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၇ ဦးထက်မနည်းရှိတဲ့ “လေးလမ်းဂိတ်” ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အညာဒေသအခြေစိုက်တဲ့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းနဲ့ Civilian Military -SRDF (စစ်ဆင်ရေးစစ်ကြောင်း)တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၆ ရက် ည ၈ နာရီအချိန်ခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
"သေဆုံးကတော့ မသိရဘူး၊ သေလောက်တယ်။ အဲ့လောက်ထိတော့ မသိခဲ့ရဘူး။" လို့ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ နောက်ဆက်တွဲ အခြေအနေကို ဗိုလ်ကောက်ရိုးက ပြောပါတယ်။
ဂိတ်ရဲ့ဝင်ပေါက်မှာ မိုင်းကွဲခဲ့ပြီးနောက် ဒဏ်ရာမရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက အနီးပတ်ဝန်းကျင်ကို သေနတ်ငယ်တွေနဲ့ ၁၀ မိနစ်ကြာပစ်ခတ်ခဲ့သလို ခရီးသည်ကား ၂ စီးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
လေးလမ်းဂိတ်ရှိစစ်ကောင်စီတပ်သားတွေဟာ ကုန်ကား၊ ခရီးသည်တင်ကားတွေကို ငွေညှစ်တာ၊ ပြည်သူတွေကို ဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ သိရပါ တယ်။
အခုလို မြို့ပေါ်မှာ တိုက်ခိုက်နိုင်ဖို့ကို လနဲ့ချီပြီး ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ကောက်ရိုးက ဆို ပါတယ်။
" ခရီးထွက်ကတည်းက အသက်ကိုစွန့်ပြီးသား။ မစ်ရှင် မအောင်မချင်း သေလူလို့ သတ်မှတ်ထားရတာ။ နေရာဒေသမရွေး သွေးမအေးဖို့အတွက် ငြိမ်နေတဲ့နေရာတွေကို ထိထိရောက်ရောက်နဲ့ လှုပ်ပေးရတယ်။ နိုင်ငံကြီးပျက်နေတာကို မေ့နေကြတဲ့လူတွေ မမေ့ဖို့ အသက်စွန့်ပြီး လုပ်ခဲ့တာပါ။ စစ်ကောင်စီကိုလည်း မြို့တွင်းတွေထိ အညာသားတွေက လုပ်နိုင်တယ်ဆိုတာ သိစေချင်တယ်။" လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။
ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းဟာ အညာအခြေစိုက်တပ်ဖြစ်ပေမယ့် တော်လှန်ရေးကို နေရာဒေသမရွေးလုပ်ဆောင်သွားမှာဖြစ်ပြီး ကိုယ်တိုက်တဲ့နေရာ ကိုယ်ထိန်းချုပ်သွားတာမျိုးတွေမရှိဘဲ အာဏာရှင်အမြစ်ပြတ်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ပုံစာ - မိုင်းခွဲတိုက်ခိုက်ခံရတဲ့ မှော်ဘီမြို့နယ်က လေးလမ်းဂိတ်ကို ဇန်နဝါရီ ၂၆ ရက် ညအချိန်တွေ့မြင်ရစဥ်။
သတင်း - အောင်စိုး၊ လကျာ်၊ စာတည်း - လင်းဇေ
#မြေလတ်အသံ
#အညာ #မှော်ဘီ #စစ်ဆေးရေး #မိုင်းခွဲ #ဗိုလ်ကောက်ရိုး #လေးလမ်းဂိတ်
Share Share Share