သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှာ စစ်ကောင်စီရဲ့ရဟတ်ယာဉ် ၁ စီး ဒီကနေ့ ဩဂုတ် ၂ ရက် နေ့လယ်ပိုင်းမှာ ပျက်ကျတာကြောင့် လေတပ်စစ်ဗိုလ်ချုပ် ၁ ဦးအပါ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ မှော်ဘီတပ်နယ် သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ရဟတ်ယာဉ်ဟာ စတင်ပျံသန်းစဉ်မှာပင် ပျက်ကျခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ် စိုးတင်လတ်နဲ့ ရဟတ်ယာဉ်မောင်းနှင်သူ လေတပ်အရာရှိ ၁ ဦးတို့ဖြစ်ကာ နောက်ထပ်လေယာဉ်မှူး ၁ ဦးနဲ့ ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ဗိုလ်ချုပ် စိုးတင်လတ်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၂ ဆင်း စစ်ဗိုလ်ချုပ်ဖြစ်ပြီး အရာရှိငယ်ဘဝမှာ F 7 တိုက်လေယာဉ်မောင်းနှင်သူဖြစ်ကာ ယခုနှစ်အတွင်းမှာ မကွေးလေတပ်စခန်းဌာနချုပ်မှူးကနေ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ရာထူးတိုးရောက်ရှိလာသူဖြစ်တယ်လို့ လေတပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ စစ်ကောင်စီရဲ့ ယူရိုကော်ပတာ(Eurocopter) အမျိုးအစားဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းက ကော်ဘရာစစ်ကြောင်းရဲ့ပစ်ခတ်မှုကြောင့် မြဝတီ၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်အတွင်း အဆိုပါရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ ယခုနှစ်အတွင်း ဒုတိယမြောက် ပျက်ကျတဲ့ ယူရိုကော်ပတာ အမျိုးအစားရဟတ်ယာဉ်လည်း ဖြစ်ပါတယ်။
ပုံစာ - သေဆုံးသူ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ် စိုးတင်လတ်။
#မြေလတ်အသံ
#မှော်ဘီလေတပ် #ရဟတ်ယာဉ် #ပျက်ကျ #ဗိုလ်ချုပ် #လေတပ်
Share Share Share