မှော်ဘီ၊ ရဲတပ်ရင်း ၅ က ရဲတဦး လက်နက်နဲ့အလင်း၀င်

မှော်ဘီ၊ ရဲတပ်ရင်း ၅ က ရဲတဦး လက်နက်နဲ့အလင်း၀င်

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အ‌ခြေစိုက် ရဲတပ်ရင်း ၅ မှ ရဲတပ်သားတဦး လက်နက်နဲ့အတူ အလင်း၀င်လာတယ်လို့ အဲ့ဒီအဖွဲ့က ဩဂုတ် ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်သား မျိုးချစ်သူဟာ G 3 သေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးကိုယူပြီး အလင်း၀င်လာတာလို့ ဆိုထားပါတယ်။ 

လက်နက်နဲ့အလင်း၀င်လာတဲ့အတွက် အဲ့ဒီရဲတပ်သားကို တောင်သာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 #‌မြေလတ်အသံ

#မန္တလေး #တောင်သာ #အလင်း၀င် #ရဲတပ်သား #ရဲတပ်ရင်း၅ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10