ယင်းမာပင်က စစ်ကောင်စီတပ်စခန်း ၂ ခုကို မဟာမိတ်အဖွဲ့ ၃၀ ကျော်က တိုက်ခိုက်(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားရာ စခန်းငယ် ၂ ခု တိုက်ခိုက်ခံလိုက်ရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ သီတဂူကျောင်းဝန်းထဲက စခန်းတခုနဲ့ တဖာလုံခန့်မှာရှိတဲ့ရွှေတောင်ဦးစစ်မှုထမ်းဟောင်းထဲက စခန်းတခုတို့ကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက်-PDF တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။

အဲ့ဒီတပ်စွဲထားရာစခန်းငယ်တွေမှာ မုံရွာ နမခ ကစစ်သားတွေ ရှိနေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ၃၀ ကျော် ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးကျည်အများအပြားနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမနဲ့ လက်နက်ငယ်တွေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Black Vote Fighter အဖွဲ့ဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Black Vote  Fighter၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ FBGA၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA၊ SBTF၊ EAGLE Defense Force Salingyi ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း အဲ့ဒီနေရာ ၂ ခုကို စစ်ကျွန်မခံမြွေဆိုးတသိုက်-PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #စစ်ကျွန်မခံမြွေဆိုးတသိုက် #PDF #မဟာမိတ် #စစ်ကောင်စီ #တိုက်ခိုက်ခံရ #လက်နက်ကြီး #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10