ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ က ရဲဘော်တွေကို ကျည်ကာတွေပေးအပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ က ရဲဘော်တွေကို ကျည်ကာအင်္ကျီနဲ့ ကျည်ကာ ဦးထုပ်တွေ ဇွန် ၉ ရက် မနက်ပိုင်းမှာ ပေးအပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ဒီကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရဲဘော် ၂၀ ဦးအတွက် ဒီမနက်ပိုင်းမှာ အခမ်းအနားနဲ့ ပေအပ်ခဲ့တာလို့ ဆိုပါတယ်။ 

“အခုလောလောဆယ်တော့ ရဲဘော်အားလုံးကိုတော့ တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ရဲဘော် ၂၀ ဦးကို တပ်ဆင်ပေးနိုင်ခဲ့တာ။” လို့ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ အဖွဲ့မှာ ရဲဘော်၊ ရဲမေအင်အား ၂၅၀ ဝန်းကျင်ရှိပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေကို အဓိကတော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တခု ဖြစ်ပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ကျည်ကာ #ပေးအပ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10