ယင်းမာပင်ခရိုင်တပ်ရင်း ၁ ရဲ့ ၂ နှစ်ပြည့် စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ လက်အောက်မှာရှိတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၁ရဲ့ တော်လှန်ရေး ၂ နှစ်ပြည့် အခမ်းအနားကို မေ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ကတဆင့် သိရပါတယ်။

တပ်ရင်းအနေနဲ့ စုဖွဲ့ပြင်ဆင်မှုတွေ၊ ရဲဘော်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို ၃ လကြာ အချိန်ယူပြင်ဆင်ခဲ့ကြပြီး အခမ်းအနားကို မြို့နယ်ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေး အင်အားစု အချင်းချင်း လက်တွဲညီညီ အလုပ်လုပ်ဖို့ရာ မျှော်လင့်မိတဲ့အကြောင်း၊ လူထုထောက်ခံမှုက အင်မတန် အရေးကြီးတဲ့အကြောင်း၊ လူထုပါမှ ဒီတော်လှန်ရေးက ဆုံးခန်းတိုင်မယ်၊ အပြန်အလှန်ထိန်းကျောင်း တည့်မတ်ဖို့ အင်မတန် အရေးကြီးတဲ့ အကြောင်းတွေ ပြောကြားခဲ့တယ်။” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော် ကိုဗလက ပြောပါတယ်။

အခမ်းအနား မပြုလုပ်ခင် လပိုင်းကလည်း မဟာမိတ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံကာ ၂ နှစ်တာအတွင်း လုပ်ဆောင်မှုတွေကို ရှင်းလင်းတင်ပြပြီး တပ်ရင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဝေဖန်ထောက်ပြပြီး အကြံဉာဏ်ပေးတာတွေလည်း ရယူခဲ့တယ်လို့ ဆိုပါတယ်။ 

ယင်းမာပင်ခရိုင် တပ်ရင်း ၁ အနေနဲ့  ၂ နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်းများစွာ ဖော်ဆောင်ခဲ့ဖူးပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကဖြစ်ခဲ့တဲ့ မုဌောရွာတိုက်ပွဲ၊ သပြေတောရွာနားက စစ်ကောင်စီရဲ့ ဆီတင်ယာဥ်တစီး သိမ်းနိုင်ခဲ့တဲ့ တိုက်ပွဲ၊ ၂၀၂၃ခုနှစ် အစပိုင်းမှာဖြစ်ခဲ့တဲ့ ကျောက်မျက်တောင်၊  တာဝါတိုင်ကုန်း၊ ညောင်ပင်ကြီးရဲစခန်း စတဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ ကန့်ဒေါင့် စခန်းသိမ်းတိုက်ပွဲ၊ ကနီမြို့သိမ်းတိုက်ပွဲတွေဟာ တပ်ရင်းရဲ့ ကြီးမားတဲ့ တိုက်ပွဲတွေဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ယင်းမာပင် #အမျိုးသားညီညွတ်ရေးအစိုးရ #ယင်းမာပင်ခရိုင် #တပ်ရင်း၁ #၂နှစ်ပြည့်အခမ်းအနား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10